ဆယ်လီလေး ခိုင်လီဂျန်နာရဲ့ကိုယ်ပေါ်မှာ အထင်ရှားဆုံးကတော့ သူမရဲ့ကောက်ကြောင်းတွေပါပဲ။ ဒီကောက်ကြောင်းတွေကပဲ Puma အမှတ်တံဆိပ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာတွေဖြစ်လာစေပါတယ်။
နောက်ဆုံးထွက်ရှိလာတဲ့ ကြော်ငြာပုံရိပ်ထဲမှာတော့ ခိုင်လီက သူမရဲ့ဆွဲဆောင်အားကောင်းတဲ့ ကိုယ်လုံးအလှကို ညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ Puma အားကစားဝတ်စုံလေးကလည်း သူမရဲ့ကိုယ်ပေါ်မှာ အသားတကျရှိနေတာပါပဲ။ ကျစ်ဆံမြီးနှစ်ဖက်ကိုကျစ်ကာ ဘေးတစောင်းလေး ရပ်နေပုံက ခိုင်လီရယ်လို့ နာမည်ကျော်စေတဲ့ အလှတွေကို ပိုပြီးသေချာသွားစေပါတော့တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း သူမရဲ့ အင်စတာဂရမ်မှာ ကပိုကယိုအလှပုံရိပ်လေးကို တင်ထားခဲ့ပါသေးတယ်။
Source : Kylie Jenner Snapchat