International Celebrity: တခြားသူတွေရဲ့ မှားယွင်းမှုကနေ အလှအပဆိုင်ရာ အကြံဉာဏ်တွေ ရရှိခဲ့တဲ့ ကလိုဝီမိုရက်စ်

သူမဟာ သဘာဝကျကျလှတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် မင်းသမီးလေးဟာ သူမရဲ့ ထူထဲသေသပ်တဲ့ မျက်ခုံးမွေးတွေကြောင့် နာမည်ကြီးသူလဲ ဖြစ်ပါတယ်။

အခုလို ဖြစ်ရခြင်းကလည်း တခြားသူတွေရဲ့ဒုက္ခကို မြင်တွေ့ရပြီးနောက် အလှပြင်ပေးသူ ဘယ်သူ့ကိုမှ သူမမျက်ခုံးမွေးကို ထိခွင့်မပေးခဲ့တာကြောင့်လို့ သူမက ဝန်ခံခဲ့ပါတယ်။

play

 

"မိတ်ကပ်ဆရာတွေက ကျွန်မ မျက်ခုံးမွေးကို နုတ်ချင်ကြတယ်။ ဒါပေမဲ့ ကျွန်မက သူတို့ကို ထိခွင့်မပေးဘူး။ သူများတွေရဲ့ အမှားတွေကို ကျွန်မမြင်ပြီးပြီလေ" ဟု သူမက ဆိုပါတယ်။

play

 

နောက်ထပ် ကလိုဝီရဲ့ ထူးခြားချက်ကတော့ ထူထဲတဲ့ ရွှေအိုရောင်ဆံပင်ရှည်ကြီးပဲ ဖြစ်ပါတယ်။ သူမရဲ့ဆံပင်တွေကို ထိန်းသိမ်းတဲ့ပုံစံကတော့ သူမရဲ့ဆံပင်တွေကို ဖိပြီးဘယ်တော့မှ မအိပ်သလို သဘာဝဆီတွေနဲ့ ရွှဲနစ်နေတဲ့ ဆံသားအိအိကို နှစ်သက်တဲ့အတွက် ဆံပင်လည်း ခဏခဏလျှော်လေ့မရှိဘူးလို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ