International Celebrity: ဓာတ်ပုံဆရာရဲ့ပေါင်ပေါ်မှာလှဲပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ အီရီနာရှေး

သူမရဲ့အင်စတာဂရမ်တစ်ခုလုံးလည်း ဆက်စီဓာတ်ပုံတွေနဲ့ ပြည့်နေပါပြီ။

play

 

တူရကီက ကမ်းခြေတစ်ခုကို ရောက်နေတဲ့ စူပါမော်ဒယ် အီရီနာရှေးဟာ ဘီကီနီလေးတွေ ရောင်စုံဝတ်လို့ သူမရဲ့ကိုယ်လုံးအလှကို အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကို ပြသနေပါတယ်။

play

 

အရင်နေ့က အဝါရောင်ဘီကီနီလေးနဲ့ မနက်စာစားနေတဲ့ပုံကို တင်ခဲ့တဲ့ အီရီနာဟာ အခုလည်း သူမနဲ့အတူ ကမ်းခြေကို ပါလာတဲ့ သူမရဲ့ ဓာတ်ပုံဆရာ မာ့တ်အဲလက်စ်နဲ့အတူ ပွေ့ဖက်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

play

 

အီရီနာဟာ ဘီကီနီအနီရဲရဲလေးဝတ်လို့ မာ့တ်ရဲ့ ပေါင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ ပို့စ်ပေးနေပြီး မာ့တ်ရဲ့ လက်တစ်ဖက်က သူမရဲ့ ဗိုက်ကိုကိုင်ထားကာ တစ်ဖက်က သူ့ရဲ့ပေါင်ပေါ်ရောက်နေတဲ့ အီရီနာရဲ့လက်ပေါ် တင်ထားပါတယ်။

play

 

စူပါမော်ဒယ်အီရီနာရှေးဟာ မင်းသား ဘရက်ဒလေကူးပါးနဲ့ တွဲနေတာ တစ်နှစ်ခွဲနီးပါးရှိနေပြီဖြစ်ပေမဲ့ သူတို့ရဲ့အချစ်ရေးကို အခုထိ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ