International Celebrity: ကင်မ်ကာဒါရှီယန်က ဝက်ဘ်ဆိုက်ကို တရားစွဲဆိုထားမှု ရုပ်သိမ်း

, updated

ပါရီမြို့မှာ ဓားပြတိုက်ခံရမှုဟာ ကင်မ်ရဲ့ ဇာတ်လမ်းထွင်မှုသာဖြစ်ကြောင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play


Reality TV စတာ ကင်မ်ကာဒါရှီယန်က ဝက်ဘ်ဆိုက်တစ်ခုအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုထားမှုအား အောက်တိုဘာ ၂၄ ရက် ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။ ပါရီမြို့မှာ ဓားပြတိုက်ခံရမှုဟာ ကင်မ်ရဲ့ ဇာတ်လမ်းထွင်မှုသာဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာကြောင့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တာပါ။

play


နှစ်ဖက်ညှိနှိုင်းခဲ့ပြီးနောက် ကင်မ်က တရားစွဲဆိုမှုကို ရုပ်သိမ်းလိုက်ကြောင်း သူမရဲ့ရှေ့နေက ပြောပါတယ်။ ကင်မ်က Media TakeOut အမည်ရှိ ဆယ်လီများရဲ့ အတင်းအဖျင်း သတင်းတွေ ဖော်ပြနေတဲ့ ဝက်ဘ်ဆိုက်ကို နယူးယော့ခ် တရားရုံးမှာ တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

play
play


ကင်မ်က ဝက်ဘ်ဆိုက်အပေါ် တရားစွဲဆိုမှုကို တရားရုံးက စစ်ဆေးဆုံးဖြတ်မှု မပြုမီမှာ ရုပ်သိမ်းလိုက်တာဖြစ်ပြီး ထိုအခြေအနေအရ သူမအနေနဲ့ အဆိုပါအမှုကို နောက်တစ်ကြိမ် တရားစွဲဆိုနိုင်မှာ ဖြစ်ပါတယ်။

ကင်မ်ဟာ အောက်တိုဘာ ၃ ရက် အစောပိုင်းက ပါရီမြို့မှာရှိနေစဉ် မျက်နှာဖုံးစွပ် အမျိုးသားတွေက သေနတ်ဖြင့်ထောက် ခြိမ်းခြောက်ကာ သူမထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ