International Celebrity: မီရန်ဒါကားရ်ရဲ့အိမ်ကို ကျူးကျော်ပြီး လုံခြုံရေးကို ဓားနဲ့ထိုးသူအား လူသတ်ရန်ကြိုးပမ်းမှုနဲ့ တရားစွဲ

ထောင်ဒဏ်တစ်သက်တောင် ကျနိုင်ပါတယ်။

play

 

မာလီဘူးမှာရှိတဲ့ မော်ဒယ် မီရန်ဒါကားရ်ရဲ့နေအိမ် ခြံစည်းရိုးပေါ်ကနေ ခုန်ဝင်ပြီး လုံခြုံရေးရဲ့ မျက်လုံးကို ဓားနဲ့ထိုးသွားတဲ့ အိမ်ခြေမဲ့ အမျိုးသားအား လူသတ်ရန် ကြိုးပမ်းမှုနဲ့ တရားစွဲဆိုထားပါတယ်။

ရှောင်အန်တိုနီဟေးဝုဒ်ဆိုတဲ့ ယင်းအမျိုးသားက အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က စူပါမော်ဒယ် မီရန်ဒါကားရဲ့နေအိမ် ခြံစည်းရိုးကို ကျော်တက်ကာ လုံခြုံရေးအစောင့်ကို တိုက်ခိုက်ခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။

play

 

ဒါပေမဲ့ အစောင့်ရော ကျူးကျော်ဝင်ရောက်သူပါ အသက်အန္တရာယ် စိုးရိမ်လောက်တဲ့ ဒဏ်ရာတွေ မရရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဟေးဝုဒ်ဟာ ရမ်းကားခြင်းနဲ့ သေစေနိုင်လောက်အောင် လက်နက်နဲ့ တိုက်ခိုက်ခြင်းစတဲ့ နောက်ထပ် ရာဇဝတ်မှုနှစ်မှုနဲ့လည်း ရင်ဆိုင်ရမှာ ဖြစ်ကြောင်း LA ကောင်တီ ဒေသရှေ့နေရုံးခန်းကနေ သိရပါတယ်။

ပြစ်မှုထင်ရှားရင် သူဟာ ထောင်ဒဏ်တစ်သက်ထိ ကျခံရဖွယ်ရှိပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ကျူးကျော်ဝင်ရောက်သူဟာ မီရန်ဒါကားရ်လိုပဲ သြစတြေးလျတိုက်သားဖြစ်ပြီး သူမရဲ့အိမ်ကို စာတစ်စောင်ပေးချင်လို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အစိုးရရှေ့နေတွေက ဆိုပါတယ်။

ဟေးဝုဒ်ကို ကယ်လီဖိုးနိးယားပြည်နယယ် ဗန်နေးစ်မြို့ရှိ LA ကောင်တီ တရားရုံးချုပ်မှာ အောက်တိုဘာလ ၂၅ ရက်က ရုံးတင်ခဲ့ပါတယ်။

play

 

ဒေါ်လာ ၂ သန်းတန်တဲ့ ယင်းအိမ်ကြီး ကျူးကျော်ဝင်ရောက်ခံရချိန်မှာ ငါးနှစ်အရွယ် သားဖြစ်သူ ဖလင်းနဲ့အတူ ယင်းအိမ်မှာနေထိုင်တဲ့ မီရန်ဒါကားရ်ကတော့ အိမ်မှာ ရှိမနေခဲ့ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ