play

 

ကင်မ်ကာဒါရှီယန်ကို လှလှပပပြင်ဆင် ရိုက်ကူးထားတဲ့အပြင် ပြုပြင်ထားတဲ့ ပုံတွေသာ မြင်နေကျ ဖြစ်ပါတယ်။

play
ဖခင်ဖြစ်သူက သူမအတွက် ပထမဆုံးကားဖြစ်တဲ့ BMW ကားဖြူဝယ်ပေးလို့ ပျော်နေတဲ့ ကင်မ်

 

ဒါပေမဲ့ ကင်မ်ကာဒါရှီယန်ရဲ့ ဝက်ဘ်ဆိုက်မှာ တင်လိုက်တဲ့  သူမရဲ့ ငယ်စဉ်က ပုံလေးဟာ အခုနဲ့ လုံးဝမတူဘဲ ခြားနားနေပါတယ်။

play

 

ဓာတ်ပုံလေးတွေက သူမရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ပါတီမှာ ရိုက်ကူးထားတာ ဖြစ်ပြီး အစ်မဖြစ်သူ ကော့တနီနဲ့ အတူ ရိုက်ကူးထားတာပါ။

play

 

မျက်ခုံးမွေး ကွေးကွေး၊ အိုင်းရှဲဒိုးပါးပါးလေးသာ ဆွဲထားတဲ့အပြင် အခုလို ပေါ်လွင်လှတဲ့ ကောက်ကြောင်းလည်း မရှိပါဘူး။

play

 

ကင်မ်ဟာ ယနေ့မြင်တွေ့ရတဲ့ ပုံစံရောက်အောင် အတော်လေး ကြိုးစားပြောင်းလဲလိုက်ပုံပါပဲ။

play

 

အဲဒီနေ့က စတိုင်မှာလည်း အစိမ်းနုဂါဝန်လေးကို အပေါ်က အနက်ရောင် ဇာပါးနဲ့ အုပ်ထားတဲ့ ရိုးရှင်းလှတဲ့ ဝတ်စုံလေးပါ။

play

 

အဲဒီဓာတ်ပုံတွေကို သူမရဲ့ ၃၆ နှစ်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူ အယ်လီဆန်စတက်တာက ကင်မ်ရဲ့ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video