International Celebrity: သမ္မတရွေးကောက်ပွဲ မဲပေးစဉ်မှာ ဥပဒေချိုးဖောက်ခဲ့တဲ့ ဂျက်စတင်တင်းဘားလိတ်ခ်

မဲပေးနေပုံကို ဆယ်လ်ဖီရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play

 

နောက်တက်မယ့် အမေရိကန်သမ္မတအတွက် မဲပေးစဉ်မှာ ဂျက်စတင်တင်းဘားလိတ်ခ်တစ်ယောက် ဆယ်လ်ဖီမရိုက်ရ မနေနိုင် ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ Follower ၃၇ သန်းကို မဲပေးဖို့ တိုက်တွန်းတဲ့အနေနဲ့ မဲပေးနေပုံကို ဆယ်လ်ဖီရိုက်ခဲ့တဲ့ ပေါ့စတားဟာ တန်နက်ဆက်ပြည်နယ်ရဲ့ ဥပဒေကို ချိုးဖောက်သလို ဖြစ်ခဲ့ပေမဲ့ ရှယ်လ်ဘီကောင်တီ ဒေသရှေ့နေရုံးကတော့ တရားစွဲဆိုခြင်း မပြုလုပ်ခဲ့ပါဘူး။

တန်နက်ဆက်ပြည်နယ် မမ်ဖီးစ်မြို့ဇာတိဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဂျက်စတင်တင်းဘားလိတ်ခ်ဟာ မနက်ခင်း စောစောစီးစီး မဲပေးနိုင်ဖို့အတွက် လော့ဆန်းဂျလိစ်ကနေ မိုင်ပေါင်း ၁,၇၀၀ ကျော် ခရီးနှင်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

"ကျွန်တော် အယ်လ်အေကနေ မမ်ဖီးစ်ကို အခုပဲ လေယာဉ်နဲ့ ရောက်တယ်။ မဲပေးကြစို့။ ဘာအကြောင်းပြချက်မှ မပေးပါနဲ့ ကျွန်တော့်ရဲ့လူကောင်းတွေ။ ခင်ဗျားတို့ရဲ့မြို့မှာလည်း စောစောစီးစီး မဲပေးနိုင်ပါတယ်" ဆိုတဲ့ စာသားကို သူမဲပေးနေပုံနဲ့အတူ တင်ခဲ့တာ ဖြစ်ပါတယ်။

ဂျက်စတင်တင်းဘားလိတ်ခ်ဟာ လူတွေ မဲပေးဖို့အတွက် နှိုးဆော်တာဖြစ်တဲ့အတွက် ချီးကျူးသင့်ပြီး တရားမစွဲသင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့က အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အုပ်ချုပ်ရေးမှူး ဘီလ်ဆလန်က မဲပေးတဲ့ဧရိယာမှာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးခြင်းကို တားမြစ်တဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပေမဲ့ အဲဒီဥပဒေဟာ မဲပေးသူများ လိမ်လည်ခြင်းကို ကာကွယ်ဖို့နဲ့ လျှို့ဝှက်အချက်အလက်တွေ မပေါက်ကြားစေဖို့သာ အဓိကရည်ရွယ်ခြင်း ဖြစ်ပါတယ်။

Source & Phtoos : nydailynews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ