ချယ်ရီတစ်ယောက် တတိယအကြိမ်မြောက် အိမ်ထောင်ပြုဖို့ စီစဉ်နေပုံပါပဲ။
ပြီးခဲ့တဲ့ အပတ်ကမှ ခင်ပွန်းဟောင်း ဂျင်းဘာနာ့ဒ်နဲ့ ကွာရှင်းမှုကို အဆုံးသတ်ခဲ့တဲ့ ချယ်ရီဟာ နောက်ထပ်အိမ်ထောင်သစ်ထူဖို့ အစီအစဉ်တွေကို ပြုလုပ်နေပုံရပါတယ်။
ခင်ပွန်းဟောင်းနဲ့ ချယ်ရီ ကွာရှင်းမှုကိစ္စတွေ မပြီးပြတ်သေးခင် လွန်ခဲ့တဲ့ သုံးပတ်ကတည်းက လီယမ်က ချယ်ရီ့အတွက် လက်စွပ်ဝယ်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
ချယ်ရီနဲ့ One Direction အဆိုတော် လီယမ်ပင်းန်တို့ဟာ ချယ်ရီရဲ့ ဆိုးရွားလှတဲ့ အတိတ်ကို ချန်ထားခဲ့ပြီး သူတို့ရဲ့အနာဂတ်မှာပဲ အာရုံစိုက်ဖို့ စိတ်အားထက်သန်နေပါတယ်။
"လီယမ်က လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက လက်စွပ်တွေ ဝယ်ပြီးနေပြီ။ သူက ရှေးဆန်တဲ့အတွက် ကလေးတိုင်းကို လက်ထပ်ပြီးသား မိခင်နဲ့ ဖခင်ရှိစေချင်တယ်" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။
ချယ်ရီဟာ ပြည့်ဖြိုးလာပြီး ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေ ထွက်နေပေမဲ့လို့ သူတို့စုံတွဲကတော့ အခုထိ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။
Source & Photos : Mirror