International Celebrity: ဆောင်းဂျွန်ကီနဲ့ နှိုင်းယှဉ်ခံရလို့ ပတ်ဘိုဂမ် တုံ့ပြန်စကားဆို

နှစ်ယောက်လုံးကတော့ မိန်းကလေးတွေရဲ့ အသည်းကျော်တွေပါ။

play

 

ပတ်ဘိုဂမ်ရော ဆောင်းဂျွန်ကီပါ ငယ်ရွယ်ချောမောကြတဲ့ သရုပ်ဆောင်တွေပါ။ နှစ်ယောက်လုံးကလည်း အနုပညာနယ်ပယ်မှာ အောင်မြင်နေကြပြီး ပရိသတ်အချစ်တော်တွေပါပဲ။ ဒါကြောင့်မို့လို့လည်း ဂျွန်ကီနဲ့ဘိုဂမ်တို့ကို နှိုင်းယှဉ်နေကြပြန်ပါတယ်။

play

 

" ကျွန်တော့်ကို ဆောင်းဂျွန်ကီနဲ့ နှိုင်းယှဉ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး တက်ကြွလာမိတယ်။ သရုပ်ဆောင်ပိုင်းမှာရော ဘဝရပ်တည်မှုမှာပါ ပိုပြီးရိုးသား စမတ်ကျလာဖို့ တွေးတောမိစေတယ်လေ" ဆိုပြီး ပတ်ဘိုဂမ်က ဆိုပါတယ်။

play

 

သူ့အနေနဲ့ အစပိုင်းသရုပ်ဆောင်မှုတွေက အဆင်မပြေခဲ့စဉ်မှာ ဆောင်းဂျွန်ကီက အကြံကောင်းတွေပေးခဲ့လို့ နောက်ပိုင်းမှာ အဆင်ပြေလာရတယ်လို့လည်း ထုတ်ပြောခဲ့ပါသေးတယ်။ ဆောင်းဂျွန်ကီနဲ့ ပတ်ဘိုဂမ်တို့ဟာ ညီအစ်ကိုရင်းတွေသဖွယ် ခင်မင်ရင်းနှီးမှုလည်း ရှိကြပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ