International Celebrity: ရွိုင်ယန်ရေးနိုးစ်ရဲ့မွေးနေ့ကို အမှတ်တရနေရာမှာ ကျင်းပပေးခဲ့တဲ့ ဘလိတ်လိုက်ဗလီ

လိုက်ဖက်ညီတဲ့ စုံတွဲလေးက ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ခင်ပွန်းသည် ရွိုင်ယန်ရေးနိုးစ်ရဲ့ အသက် ၄၀ ပြည့် မွေးနေ့မှာ ဘလိတ်က အမှတ်တရလေးဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။ နှစ်ယောက်သား စတင်ချစ်ကျွမ်းဝင်ခဲ့တဲ့ နေရာလေးမှာ ရေးနိုးစ်အတွက် မွေးနေ့ပွဲကျင်းပပေးခဲ့တာဖြစ်ပါတယ်။

play

 

ဘော့စတွန်က O Ya စားသောက်ဆိုင်လေးဟာ သူတို့နှစ်ဦးချစ်ကျွမ်းဝင်ခဲ့တဲ့ နေရာလေးပါ။ ဒီဆိုင်လေးမှာ အမှတ်တရတွေရှိနေပြီး ဆိုင်ကိုလည်း သဘောကျတာကြောင့် ခုလိုကျင်းပပေးခဲ့တယ်လို့ ဘလိတ်က အင်စတာဂရမ်မှာ ရေးထားပါတယ်။

play

 

ရေးနိုးစ်ကလည်း သူ့ရဲ့အင်စတာဂရမ်မှာ ကြည်နူးစရာညလေးရဲ့ ပုံရိပ်တစ်ခုကို တင်ထားပြီး အကောင်းဆုံးမွေးနေ့ပါပဲလို့ ဆိုထားပါတယ်။

Source : Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ