International Celebrity: စင်ပေါ်တက်ပြီး ဖျော်ဖြေခဲ့တဲ့ ခရစ္စမာတင်နဲ့ ဂွင်းနက်ပက်ထရိုတို့ရဲ့ သားနဲ့သမီး

ဖခင်ခြေရာနင်းမယ့် သားသမီးတွေ ဖြစ်ပုံရပါတယ်။

play

 

အဆိုတော် ခရစ္စမာတင်နဲ့ မင်းသမီး ဂွင်းနက်ပက်ထရိုတို့ရဲ့ အသက် ၁၂ နှစ်အရွယ် သမီး အဲပဲလ်နဲ့ အသက် ၁၀ နှစ်အရွယ် သား မိုးဇက်တို့ဟာ မိခင်ထက် ဖခင်ရဲ့ခြေရာကို နင်းဖို့ ပိုပြီး အားသာပုံရပါတယ်။

play

 

ချစ်စဖွယ် ကလေးနှစ်ယောက်နှစ်ယောက်ဟာ မာလီဘူးက Boys and Girls ကလပ်မှာ ဖခင်နဲ့အတူ စင်ပေါ်တက်ပြီး သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အဲပဲလ်က အေရီယာနာဂရန်ဒီရဲ့သီချင်း Just a Little Bit of Your Heart ကို သီဆိုပြီး မိုးဆက်က Twenty One Pilots ရဲ့ House Of Gold သီချင်းကို သီဆိုခဲ့ပါတယ်။

play

 

ကွာရှင်းပြတ်ဆဲပြီးဖြစ်ပေမဲ့ ခရစ္စနဲ့ ဂွင်းနက်ပက်ထရိုတို့ဟာ သားသမီးနှစ်ယောက်ကို ပူးတွဲအုပ်ထိန်းနေရတဲ့အတွက် သူငယ်ချင်းတွေအဖြစ် ဆက်လက်ရှိနေကြဆဲပါပဲ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ