International Celebrity: မကြာသေးခင်က တွဲနေတဲ့ သရုပ်ဆောင်မင်းသားကို အဆက်ဖြတ်လိုက်တဲ့ ပယ်ရီအက်ဒ်ဝက်

ပယ်ရီက သိပ်စိတ်မပါဘူးလို့ ဆိုပါတယ်။

play

 

Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်ဟာ Our Girl မင်းသား လုခ်ပက်စ်ကလီနိုနဲ့ ကြိမ်ဖန်များစွာ ဒိတ်လုပ်ခဲ့ပေမဲ့ သူမအနေနဲ့ အချစ်ရေးကို အလေးအနက်ထားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။

play

 

"ဒီလို မအားမလပ်တဲ့အချိန်မှာ တစ်ယောက်ယောက်ကို အချိန်ပေးဖို့ ဆိုတာ တကယ့်ကို အဲဒီလူကို သဘောကျမှ ဖြစ်မှာ။ ပယ်ရီက လုခ်နဲ့ အဲဒီလို မခံစားရသေးဘူး" လို့ သတင်းပေးက ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ ဒိတ်အကြိမ်ကြိမ် လုပ်ခဲ့ဖူးပေမဲ့ အတည်ရည်းစားထားတာမျိုးမဟုတ်ခဲ့ဘူးလို့ သိရပါတယ်။

play

 

ပယ်ရီဟာ လုခ်ကို အင်စတာဂရမ်မှာ ဘယ်တုန်းကမှ Follow မလုပ်ခဲ့ပါဘူး။ သူတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ လုခ်က သူမကို အင်စတာဂရမ်ကနေ Unfollow လုပ်သွားခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ