International Celebrity: ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထုတ်ပြီး ဖြစ်ပျက်သမျှကို ပြောပြမယ်ဆိုတဲ့ ဇေးမောလစ်ခ်

ဇေးမောလစ်ရဲ့ဇာတ်လမ်းကို ကြားရဖို့တစ်ပတ်ပဲ လိုပါတော့တယ်။

play

 

ပယ်ရီအက်ဒ်ဝက်က Little Mix ရဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ သူမရဲ့အသည်းကွဲဇာတ်လမ်းကို ပြောထားရုံသာမက Shout Out To My Ex ထဲမှာ ရည်းစားဟောင်း ဇေးမောလစ်ခ်ကို ဖဲ့ထားပြီးတဲ့နောက် ဇေးမောလစ်က ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထုတ်မယ်လို့ ဆိုလာတာဖြစ်ပါတယ်။

play

 

အသက် ၂၃ အရွယ် ဇေးမောလစ်ခ်ဟာ သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိကို မထုတ်ခင်မှာ အင်္ကျီမပါတဲ့ သူ့ရဲ့ဓာတ်ပုံတစ်ပုံနဲ့အတူ "စာအုပ်ထွက်ရှိဖို့ တစ်ပတ်ပဲ လိုတော့တယ်။ ခင်ဗျားတို့အတွက် ဓာတ်ပုံသစ်တွေလည်း အများကြီးပါတယ်" လို့ ဇေးက ရေးသားထားပါတယ်။

play

 

ဇာတ်လမ်းစုံပြောပြမယ်လို့ သူ့ရဲ့ပရိသတ်ကို ကတိပေးထားပါသေးတယ်။

ရည်းစားဟောင်း ပယ်ရီအက်ဒ်ဝက်က သူမကို ဇေးက စာလေးတစ်စောင်ပို့ပြီး အဆက်ဖြတ်ခဲ့ကြောင်းနဲ့ ဇေးနဲ့ ပြတ်သွားပြီးတဲ့နောက် သူမမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ပိုက်ပြီး နေစရာအိမ်မရှိဖြစ်ခဲ့ရကြောင်းနဲ့ စိတ်ဖိစီးမှုတွေလည်းရခဲ့ကြောင်း ပြောခဲ့ပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ