International Celebrity: ၂၀၁၆ ရဲ့ တာဇံ

အလဇာချန်နဲ့ ၂၀၁၅ ခုနှစ်ကတည်းကနေ အခုထိ ချစ်သူတွေအဖြစ် ရှိနေဆဲလို့ဆိုပါတယ်။

play

 

The Legend of Tarzan ရုပ်ရှင်ဇာတ်ကားမှာ တောတွင်းသား Tarzan အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Alexander Skargard ဟာ ဆွီဒင်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်းငါးယောက်မှာ အကြီးဆုံးသားလည်း ဖြစ်ပါတယ်။

play

 

 စကားစ်ဂါ့ဒ်ဟာ ၁၉၈၀ နောက်ပိုင်းမှာစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့သူပါ။ ၂၀၀၁ ခုနှစ်မှာတော့ Zoolander ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို စတင်ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားတော်တော်များများနဲ့ ဇာတ်လမ်းတွဲအချို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။

play

 

အနုပညာထူးချွန်ဆုတွေအတွက် မကြာခဏ လျာထားခြင်း ခံရရုံတင်မကဘဲ ဆုတွေလည်း ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ True Blood ဆိုတဲ့ Vampire ရုပ်ရှင်ဇာတ်လမ်းတွဲမှာ အဲရစ်ခ် နော့သ်မန်းဆိုတဲ့ ခပ်ဆိုးဆိုးခပ်ဟော့ဟော့ Vampire အဖြစ် အဓိကဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ Vampire ဇာတ်ရုပ်နဲ့ တစ်သားတည်းကျခဲ့ပြီး သရုပ်ဆောင်ပိုင်း ပိုင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။

play

 

 ၂၀၁၄ ခုနှစ်မှာ True Blood ရုပ်ရှင်ဇာတ်လမ်းတွဲ ပြီးဆုံးသွားတဲ့နောက် ရုပ်ရှင်ဇာတ်ကားအချို့မှာ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စကားစ်ဂါ့ဒ် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Tarzan ရုပ်ရှင်ဇာတ်ကား ရုံတင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ဘောလုံးအားကစားကို ဝါသနာပါတဲ့ စကားစ်ဂါ့ဒ်ဟာ ဗြိတိန်နာမည်ကြီးမော်ဒယ် အလဇာချန်နဲ့ ၂၀၁၅ ခုနှစ်ကတည်းကနေ အခုထိ ချစ်သူတွေအဖြစ် ရှိနေဆဲလို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ