International Celebrity: အအောင်မြင်ဆုံး သီချင်းတွေနဲ့ဘရူနိုမားစ်

အဲဒီသီချင်းဟာ ကမ္ဘာ့အအောင်မြင်ဆုံး တေးသီချင်းစာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

play

 

ညိုစိုတဲ့အသားအရေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိနေတဲ့ တေးရေးဆရာ အဆိုတော် Bruno Mars ဟာ ဟိုနိုလူလူမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ပေါ်တူဂီနဲ့ဂျူးသွေးနှောသူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ငယ်စဉ်တည်းက အဆိုဝါသနာပါသူတစ်ဦးဖြစ်တဲ့ သူဟာ ၂၀၀၉ ခုနှစ်မှစတင်ကာ ပရိသတ်တွေ သတိထားမှုကိုခံရတဲ့ အဆိုရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ သူ့ရဲ့ Doo-Wops & Hooligans တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲက တေးသီချင်းအကုန်လုံးနီးပါးဟာ လူကြိုက်များတဲ့ တေးသီချင်းတွေဖြစ်ခဲ့ကာ Billboard စာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

play

 

၂၀၁၂ ခုနှစ်မှာ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Unorthodox Jukebox ထပ်မံထွက်ရှိခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက Locked Out of Heaven, Gorilla, When I Was Your Men နဲ့ If I Knew သီချင်းတွေဟာလည်း လူကြိုက်များ အောင်မြင်တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။

play

 

တေးဂီတဆုများစွာ ပိုင်ဆိုင်ထားတဲ့ မားစ်ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Uptown Funk သီချင်းမှာ တေးသီချင်းထုတ်လုပ်သူ Mark Ranson နဲ့အတူ ပါဝင်သီဆိုခဲ့ပြီး အဲဒီသီချင်းဟာ ကမ္ဘာ့အအောင်မြင်ဆုံး တေးသီချင်းစာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

play

 

ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်လေ့ရှိတဲ့ မားစ်ဟာ မော်ဒယ် ဂျက်စီကာကဘန်နဲ့ ၂၀၁၁ ခုနှစ်ကတည်းက ချစ်ကြိုးသွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ