International Celebrity: သမီးလေးအတွက် အချိန်ပေးလိုက်သလို ချစ်သူသစ်လည်းရနေတဲ့ တွမ်ခရုစ်

တွမ်ခရုစ်ဟာ အင်္ဂလန်မှာ အခြေချလိုက်ပါပြီ။

play
၂၀၁၁ ခုနှစ်မှာ အတူတွေ့ရတဲ့ တွမ်ခရုစ်နဲ့ သမီးလေး ဆူရီ

 

တွမ်ခရုစ်ဟာ ၂၀၁၂ ခုနှစ်က ကေတီဟုမ်းနဲ့ ကွဲသွားပြီးကတည်းက အဆက်မပြတ် ဇာတ်ကားတွေချည်း ရိုက်နေခဲ့ပါတယ်။

အဲဒါကြောင့် အခု ၁၀  နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ သမီးလေး ဆူရီကိုလည်း အချိန်မပေးနိုင်သလို အချစ်သစ်လည်း ရှာဖို့ အချိန် မရှိခဲ့ပါဘူး။

play
၂၀၁၁ ခုနှစ်က တွမ်ခရုစ်နဲ့ ကေတီဟုမ်းတို့ မိသားစု

 

ဒါပေမဲ့ အခုတော့ သူ့ရဲ့ဘဝကို အနည်းငယ်ပြောင်းလဲလိုက်ပါပြီ။ USWeekly ရဲ့အဆိုအရ အသက် ၅၄ နှစ်အရွယ် မင်းသားတွမ်ခရုစ်ဟာ သမီးအတွက် အချိန်ပေးနေသလို ဗြိတိသျှအမျိုးသမီးတစ်ဦးနဲ့လည်း ချစ်ကျွမ်းဝင်နေတယ်လို့ သိရပါတယ်။

play
အောက်တိုဘာလ ၁၉ ရက်နေ့မှာ Starbacks ဆိုင်တစ်ဆိုင်က ထွက်လာတဲ့ ကေတီဟုမ်းနဲ့ ဆူရီ

 

တွမ်ခရုစ်ဟာ သမီးဖြစ်သူနဲ့ မတွေ့ဘဲ တစ်နှစ်ကျော် နေထိုင်ခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ