International Celebrity: ဟာဆော့ဂျင်းရဲ့ စိတ်တိုင်းကျ ချစ်သူပုံစံ

ကျွန်တော် အခု ဘယ်သူနဲ့မှ တွဲမနေပါဘူး။

play

 

တောင်ကိုရီးယားမင်းသားချော ဟာဆော့ဂျင်းဟာ သရုပ်ဆောင်လည်းကောင်းသလို ကိုယ်ခန္ဓာတောင့်တင်းသန်မာသူမို့ မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်ဦးပါ။ လူပျိုလူလွတ် ဟာဆော့ဂျင်းကို စိတ်တိုင်းကျဖြစ်မယ့် ချစ်သူပုံစံမျိုး မေးမြန်းတဲ့အခါ သူက စိတ်ထဲရှိတဲ့အတိုင်းပဲ ပြန်ဖြေပါတယ်။

play

 

" ကျွန်တော်က အခု ရင့်ကျက်လာပြီလေ။ ကျွန်တော့်စိတ်တိုင်းကျ ချစ်သူနဲ့ပတ်သက်လာရင်တော့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကိုလည်း ဂရုမစိုက်တော့ဘူး။ ကျွန်တော်နဲ့ စကားပြောလို့ကောင်းမယ့်လူကိုပဲ သဘောကျတယ်။ ကျွန်တော်နဲ့စကားပြောတုန်း ဖုန်းကိုပဲကြည့်နေရင်တော့ မုန်းမိမှာ.." လို့ ဆော့ဂျင်းက ပြောပါတယ်။

ဒါတင်မက သူက အရပ်ရှည်ရှည်နဲ့ အသားအရေကောင်းမွန်တဲ့ပုံစံမျိုးကို သဘောကျတယ်လို့လည်း ဆိုပါတယ်။

Source : News 1

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ