International Celebrity: ဇေးမောလစ်ခ်အကြောင်း ဆွေးနွေးဖို့ ပယ်ရီအက်ဒ်ဝက်နဲ့ တွေ့ဆုံမယ့် ဂျီဂျီဟက်ဒီး

ပယ်ရီအက်ဒ်ဝက်က ဇေးမောလစ်ကို ဆက်တိုက်ထိုးနှက်နေလို့ ဖြစ်ပါတယ်

play

 

ဇေးမောလစ်ခ်ရဲ့ ရည်းစားသစ် ဂျီဂျီဟက်ဒီးဟာ Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်ကို သူမရဲ့ချစ်သူအကြောင်း ပြောနေတာတွေ ရပ်တန့်ဖို့အတွက် ပြောဖို့ တွေ့ချင်နေကြောင်း သိရပါတယ်။

"ဇေးကို ပယ်ရီနဲ့ မဆက်သွယ်ဖို့ ဂျီဂျီက ပြောထားပြီး ပယ်ရီကို သူမ ကိုယ်တိုင်တွေ့ဆုံဖို့ စီစဉ်နေတယ်။ မိန်းမအချင်းချင်းပြောမယ်ပေါ့။ ဒါမှ ဇေးအကြောင်း ဆက်မပြောဖို့ ပယ်ရီကို သေချာပြောနိုင်မှာလေ" လို့ ဂျီဂျီနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

"ဇေးက သူမနဲ့ တွဲနေချိန်မှာ ပယ်ရီနဲ့ လုံးဝအဆက်အသွယ်မရှိတာကို ဂျီဂျီက သေချာချင်တယ်" လို့လည်း ထိုသတင်းပေးက ဆိုခဲ့ပါတယ်။

play

 

"ပယ်ရီကတော့ ဇေးရဲ့အကြောင်း သီချင်းမစပ်တော့ပါဘူးလို့ ကတိမပေးပေမဲ့ ဂျီဂျီဘာပြောမလဲ ဆိုတာကိုတော့ နားထောင်ချင်တယ်" လို့ ထိုသူက ဆိုရင်း ပယ်ရီကလည်း ဂျီဂျီနဲ့ တွေ့ဆုံဖို့ စဉ်းစားနေကြောင်း ပြောပြခဲ့ပါတယ်။

Source & Photos : uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ