International Celebrity: ချစ်စဖွယ်အပြုံးနဲ့ တောက်ပတဲ့ မင်းသမီးလေး ဘယ်လာ

သူမဟာ သူမကိုယ်သူမ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူဖြစ်ကြောင်း တွစ်တာမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

play

 

လိမ္မော်ရောင်ဆံကေသာနဲ့ ထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်အဆိုတော်မင်းသမီးချောလေး Bella Thorne ဟာ ဖလော်ရီဒါမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစတင်ကာ အနုပညာခြေလှမ်းတွေ စတင်ခဲ့သူပါ။

play

 

၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟာသမင်းသားကြီး အဒမ်ဆန်ဒလာနဲ့ မင်းသမီးကြီး ရူးဘယ်ရီမိုးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Blended မိသားစုဟာသဇာတ်ကားမှာ အဒမ်ဆန်ဒလာရဲ့ သမီးကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ လူသိများလာခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားအချို့မှာ ဆက်လက် ပါဝင်ဖြစ်ခဲ့ပါတယ်။

play

 

၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသမယ့် Amityville: The Awakening ထိတ်လန့်သည်းဖို ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဘယ်လာဟာ ရုပ်ရှင်ဇာတ်လမ်းတွဲကြီးပေါင်းများစွာမှာလည်း သရုပ်ဆောင်လေ့ရှိပြီး ပရိသတ်အများအပြားရဲ့အားပေးမှုကို ရရှိထားပါတယ်။ တေးသီချင်း သီဆိုမှုတွေလည်းရှိသေးတဲ့ ဘယ်လာဟာ အနုပညာထူးချွန်ဆု ၅ ဆုတိတိ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play

 

မင်းသားချော ဂရက်ဆော်လ်ကင်းနဲ့ချစ်ကြိုးသွယ်ခဲ့ဖူးပါသေးတယ်။ ၂၀၁၆ သြဂုတ်မှာတော့ သူမဟာ သူမကိုယ်သူမ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူဖြစ်ကြောင်း တွစ်တာမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ