International Celebrity: ဝိတ်လျှော့ခိုင်းတာကြောင့် နိုင်ငံတကာမယ်ပြိုင်ပွဲမှ အိုက်စလန်အလှမယ် နုတ်ထွက်

အသက် ၁၀ နှစ်အရွယ်ကတည်းက ကျွမ်းဘားမယ်ဖြစ်ခဲ့တဲ့ အိုက်စလန်အလှမယ်က ပွဲစီစဉ်သူတွေအနေနဲ့ အမြင်ကျယ်သင့်တယ်လို့ ဆိုပါတယ်။

play


ဝိတ်ချရန် အပြောခံရတာကြောင့် အိုက်စလန်အလှမယ်က နိုင်ငံတကာပြိုင်ပွဲဝင် အလှမယ်အဖြစ်မှ နုတ်ထွက်လိုက်တယ်လို့ ဆိုပါတယ်။ Miss Grand International အလှမယ်ပြိုင်ပွဲ စီစဉ်သူတွေက သူမကို နောက်ဆုံးယှဉ်ပြိုင်မှုအတွက် အစားလျှော့စားရန် ပြောကြားခဲ့ကြောင်း အလှမယ် ဂျွန်စ်ဒေါ့တာက ပြောပါတယ်။

play


အလှမယ်ပြိုင်ပွဲမှ နုတ်ထွက်ကြောင်းနဲ့ သူမကို အလွန်ဝနေပြီး လက်မောင်းတွေ ကြီးနေတယ်လို့ အလှမယ်ပြိုင်ပွဲ ဝန်ထမ်းတွေက ပြောခဲ့ကြောင်း အိုက်စလန်အလှမယ်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

play


Miss Grand International အဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူကတော့ အိုက်စလန်အလှမယ်က သူမရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ထမ်းကို မေးမြန်းခဲ့ရာ ဝန်ထမ်းဖြစ်သူက အနည်းငယ် ဝနေကြောင်းနဲ့ ပြိုင်ပွဲမှာ အောင်မြင်မှုရစေရန် ဝိတ်လျှော့ရန် အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

play

 

ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အခြား အလှမယ်တွေရဲ့ မေးမြန်းမှုတွေကိုလည်း သက်ဆိုင်ရာ ဝန်ထမ်းက အလားတူ အကြံပြုကြောင်း Miss Grand International ဥက္ကဋ္ဌက ပြောပါတယ်။

play


အသက် ၁၀ နှစ်အရွယ်ကတည်းက ကျွမ်းဘားမယ်ဖြစ်ခဲ့တဲ့ အိုက်စလန်အလှမယ်က ပွဲစီစဉ်သူတွေအနေနဲ့ အမြင်ကျယ်သင့်တယ်လို့ ဆိုပါတယ်။

play


Miss Grand Internaional အလှမယ်ပြိုင်ပွဲ စီစဉ်သူတွေက သူမကို မနက်စာ မစားဘဲ နေ့လယ်စာကိုလည်း အသီးအရွက်နဲ့ အသုပ်တစ်မျိုးမျိုးစားရန် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ