International Celebrity: အချစ်ဟောင်းနှစ်ယောက်ကြား ရွေးရခက်သွားတဲ့ နီရဲလ်ဟိုရန်

ဆယ်လီနာဂိုးမက်နဲ့ အယ်လီဂိုလ်ဒင်အနက် တစ်ယောက်ကိုရွေးလိုက်ရပါတယ်။

play

 

ဗုဒ္ဓဟူးညက ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ရင်း ရည်းစားဟောင်းနဲ့ အမိုက်စားအဆိုတော်တို့ကြား နီရဲလ်ဟိုရန်တစ်ယောက် ဗျာများသွားခဲ့ရပါတယ်။ James Cordan ရဲ့ The Late Late Show အစီအစဉ်မှာ နီရဲလ်က ဧည့်သည်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

play

 

တကယ်လို့များ ကမ္ဘာပေါ်မှာ နောက်ဆုံးတစ်ညတည်းသာ နေခွင့်ရတော့မယ်ဆိုရင် ဆယ်လီနာဂိုးမက်ကို ရွေးမလား ဒါမှမဟုတ် အယ်လီဂိုလ်ဒင်ကို ရွေးမလားလို့ နီရဲလ်က အမေးခံလိုက်ရပါတယ်။ နှစ်ယောက်လုံးနဲ့လည်း တွဲခဲ့ဖူးတော့ အတော်ဖြေရကျပ်တဲ့ မေးခွန်းပါပဲ။

play
အယ်လီနဲ့ ၂၀၁၄ တုန်းက တွဲခဲ့တာပါ။

 

မေးခွန်းကို မဖြေရင်လည်း နွားလျှာကို စားရတော့မှာမို့ သူက မစားချင်ပါဘူး။ နောက်ဆုံးမှာတော့ အယ်လီဂိုလ်ဒင်ကို ရွေးပါ့မယ်လို့ နီရဲလ်က ဖြေကြားလိုက်ပါတော့တယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ