International Celebrity: လီယမ်ပေးတဲ့လက်စွပ်ကို မကြိုက်ဘူးလို့ မိုင်လေဆိုင်းရပ်စ်ထုတ်ပြော

ချစ်တဲ့စိတ်ကပဲ အရေးကြီးတာပါ။

play

 

ခင်ပွန်းလောင်း လီယမ်ဟမ်းဆွက်သ် ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ကို မကြိုက်ပေမဲ့ ချစ်တဲ့စိတ်နဲ့ ဝတ်ထားရတယ်လို့ မိုင်လေဆိုင်းရပ်စ်က ထုတ်ပြောလိုက်ပါတယ်။

play

 

ကြာသပတေးညပိုင်းက The Ellen DeGeneres Show မှာ ပါဝင်ရင်း ပြောသွားခဲ့တာပါ။ လီယမ်ပေးခဲ့တာက ၃.၅ ကာရတ်ရှိ လက်စွပ်ဟာ သူမအကြိုက်ပုံစံမဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

မိုင်လေက ဖန်စီပစ္စည်းတွေကိုသူ နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း လီယမ်က သူမကိုချစ်တာကြောင့် ဒီရှေးဟောင်းလက်စွပ်ကို ဝတ်ချင်စိတ်ပေါ်လာခဲ့စေတယ်လို့ သူမက ပြောသွားပါတယ်။

Source : Ellentube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ