International Celebrity: စွယ်စုံရ တရုတ် အလှနတ်ဘုရားမလေး ဖန်

သူမရဲ့ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကြောင့် အနုပညာရှင်တွေကြားမှာ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

play


တရုတ် အလှနတ်ဘုရားမလေးအဖြစ် တင်စားကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူ အဆိုတော် မင်းသမီးချောလေး Fan Bingbing ဟာ Shanghai Theatre Academy ထွက် ကျောင်းသူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

play


၂၀၀၁ ခုနှစ် Reunion ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း နာမည်ကြီး တရုတ်ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်ခဲ့ပါတယ်။ သူမဟာ ဒရာမာ၊ အချစ်ဟာသ၊ အက်ရှင်နဲ့ စွန့်စားခန်း ရုပ်ရှင်ဇာတ်ကားမျိုးစုံရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလည်းဖြစ်လို့ အာရှတစ်ခွင်မှာတင်မကဘဲ ဟောလိဝုဒ်ကပါ သဘောကျနှစ်ခြိုက်တဲ့ တရုတ်မင်းသမီး ဖြစ်လာခဲ့ပါတယ်။

play


၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Iron Man 3 ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူမ သရုပ်ဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ မှာတော့ X-Men : Days of Future Past ဇာတ်ကားကြီးမှာပါ ထပ်မံ ပါဝင်ခဲ့ပါသေးတယ်။ တရုတ် ရှေးခေတ်သမိုင်းဇာတ်ကားတွေမှာ နန်းတွင်းမင်းသမီးအဖြစ်လည်း မကြာခဏ သရုပ်ဆောင်လေ့ရှိပါသေးတယ်။

play


သူမရဲ့ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကြောင့် အနုပညာရှင်တွေကြားမှာ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသားကြီး Jackie Chan နဲ့အတူ Skiptrace ဟာသအက်ရှင် ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖန်ဟာ အနုပညာထူးချွန်ဆု အများအပြား ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play


တရုတ်မင်းသား လီချန်နဲ့ လက်ထပ်ထားတဲ့ ဖန်ဟာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း နာမည်ကြီးသူဖြစ်ကာ နာမည်ကြီး ဖက်ရှင်ရှိုးပွဲတွေနဲ့၊ ဆုပေးပွဲတွေကိုလည်း မကြာခဏ ဖိတ်ကြားခြင်းခံရလေ့ရှိပါတယ်။

Fan Bingbing ဇာတ်ကားတွေ ကြည့်ဖူးလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ