International Celebrity: ဒေါက်တာလုခ်ကြောင့် အဆုံးစီရင်လိုတဲ့အထိ ခံစားခဲ့ရတဲ့ ခက်ရှာ

ခက်ရှာရဲ့ TiK ToK သီချင်းကတော့ နာမည်ကြီးပါတယ်။

play

 

ထုတ်လုပ်သူ ဒေါက်တာလုခ်နဲ့ အလုပ်တွဲလုပ်ခဲ့စဉ်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရခဲ့တဲ့ အဆိုတော်ခက်ရှာဟာ ဘဝကိုလက်လျှော့ချင်စိတ်တောင် ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရရှာပါတယ်။

play

 

ဒေါက်တာလုခ်ရဲ့ ကျူးလွန်မှုကို တရားစွဲခဲ့ပေမဲ့လည်း သူမရဲ့စွပ်စွဲမှုက ရှုံးနိမ့်ခဲ့ရပါတယ်။ " ကျွန်မ အတော်ကြီး စိတ်ဖိစီးမှုဖြစ်ခဲ့ရလို့ အသက်ရှင်ချိန်စိတ်တောင်ကုန်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့မိတယ်" လို့ ခက်ရှာက NY Times မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

play

 

မည်သို့ပင်ဆိုစေကာမူ ဒေါက်တာလုခ်နဲ့ ရုံးတော်မှာ ပြဿနာအကြီးအကျယ်တက်ခဲ့သည့်တိုင်အောင် Sony ကုမ္ပဏီကတော့ ခက်ရှာကို အခွေသစ်တစ်ခွေထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။

Source : NY Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ