International Celebrity: နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား

မိုင်လေဆိုင်းရပ်စ်၊ ဆယ်လီနာ ဂိုးမက်ဇ်တို့နဲ့ တွဲခုတ်ခဲ့ဖူးတဲ့ သူဟာ Miss Universe အိုလီဗီယာ ကယ်လ်ပိုနဲ့လည်း နှစ်နှစ်ကြာ ချစ်ကြိုးသွယ်ခဲ့သေးတယ်။

play

 

Jonas Brothers လူချောလေးသုံးယောက်ထဲက တစ်ယောက်ဖြစ်သူ Nick Jonas ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

 သူ့မှာ အစ်ကိုဖြစ်သူ Joe နဲ့ Kevin ရှိပြီး သူ့အောက်မှာတော့ ညီငယ် Frankie ရှိပါသေးတယ်။ Jonas Brothers အဖွဲ့ဝင်အနေနဲ့ သီချင်းဆို၊ ရုပ်ရှင်ရိုက်ဖြစ်ခဲ့တဲ့ သူဟာ အဲ့ဒီ့ကတည်းက နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့သလို အစ်ကိုဖြစ်သူလိုပဲ အောင်မြင်နေခဲ့သူလည်း ဖြစ်ပါတယ်။

play

 

 Jonas Brothers အနေနဲ့ တေးအယ်လ်ဘမ် ထုတ်ဝေဖြန့်ချိအောင်မြင်ခဲ့တဲ့ သူတို့ဟာ Jonas Brothers အဖွဲ့တရားဝင်ကွဲသွားပြီးတဲ့နောက်မှာတော့ ဂျိုးကလည်း သီးသန့်အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကာ နစ်ခ်ကလည်း တစ်ကိုယ်တည်း အနုပညာခြေလှမ်းတွေ ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။၂၀၁၄ နဲ့ ၂၀၁၆ မှာ တစ်ကိုယ်တော် တေးအယ်လ်ဘမ်တွေ ထုတ်ဝေနိုင်ခဲ့တဲ့ နစ်ခ်ဟာ တစ်ကိုယ်တည်းသီးသန့် ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

play

 

 ၂၀၁၆ မှာ Careful What You Wish For 18+ ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ နစ်ခ်ဟာ ၂၀၁၅ မှာထုတ်လွှင့်ပြသခဲ့တဲ့ Scream Queens ဟာသ လူသတ်ဇာတ်လမ်းတွဲမှာတော့ ဂေးလူငယ်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါသေးတယ်။

play

 

မိုင်လေဆိုင်းရပ်စ်၊ ဆယ်လီနာ ဂိုးမက်ဇ်တို့နဲ့ တွဲခုတ်ခဲ့ဖူးတဲ့ သူဟာ Miss Universe အိုလီဗီယာ ကယ်လ်ပိုနဲ့လည်း နှစ်နှစ်ကြာ ချစ်ကြိုးသွယ်ခဲ့သေးကာ ၂၀၁၅ ခုနှစ်မှာ လမ်းခွဲခဲ့ကြတယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ