International Celebrity: ဆယ်လီနာနဲ့ ဝေးဝေးနေဖို့ ဂျက်စတင်ဘီဘာကို ဆယ်လီနာ့မိသားစုက သတိပေးခဲ့

ဆယ်လီနာဟာ Lupus ရောဂါကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာကို ကုသနေရပါတယ်။

play

 

Lupus ရောဂါကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ခံစားနေရတဲ့အချိန်မှာ ဂျေဘီနဲ့ ဆယ်လီနာ ပြန်တွဲနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်လာသလို သူမရဲ့မိသားစုကတော့ အဲဒီလို မဖြစ်အောင် ကာကွယ်ချင်ကြတယ်လို့ သိရပါတယ်။

play

 

ဆယ်လီနာရဲ့ မိသားစုဟာ ဂျေဘီ့ကိုတောင် ဆက်သွယ်ပြီး ဆယ်လီနာနဲ့ ဝေးဝေးမှာနေဖို့ ပြောခဲ့တယ်လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။

"ဆယ်လီနာ့ဆီကို ဖုန်းမဆက်ဖို့၊ မက်ဆေ့မပို့ဖို့နဲ့ အီးမေးလ်လည်း မပို့ဖို့ သူတို့က ဂျေဘီကို ပြောထားကြတယ်" လို့ ယင်းသတင်းပေးက ဆိုပါတယ်။

play

 

ဆယ်လီနာဂိုးမက်စ်နဲ့ သူမရဲ့ ရည်းစားဟောင်း ဂျက်စတင်ဘီဘာတို့ မတွေ့ဖြစ်ကြတာ လပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့ သူမရဲ့မိဘတွေကတော့ ဆယ်လီနာ စိတ်ကျရောဂါကို ကုစားနေချိန်မှာ ဂျေဘီ့ကြောင့် အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Source & Photos : life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ