International Celebrity: ဟောလိဝုဒ်မင်းသမီးတွေရဲ့ ကိုယ်လုံးတီးပုံတွေကို ခိုးယူတဲ့ဟက်ကာ ထောင် ၁၈ လကျ

ဟက်ကာ ရိုင်ယန်က Apple နဲ့ Google အကောင့် ၁၀၀ ကျော်ကို hack လုပ် ရယူခဲ့ပြီး အဆိုပါ အကောင့်များထဲမှာ အနုပညာရှင် အသိုင်းအဝိုင်းမှ နာမည်ကြီးတွေ ပါဝင်ခဲ့တယ်။

play
ဟက်ကာ ရိုင်ယန်ကောလင်းစ်


နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ ဂျနီဖာလောရင့်စ်၊ ကိတ်အပ်တန်နဲ့ အခြား ကျော်ကြားတဲ့ ဟောလိဝုဒ်စတားတွေရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို hack လုပ် ခိုးယူခဲ့ပြီး အွန်လိုင်းမှာဖြန့်ဝေခဲ့သူ အမေရိကန် အမျိုးသားတစ်ဦးကို တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။

play
ဂျနီဖာလောရင့်စ်


ရိုင်ယန်ကောလင်းစ် အမည်ရှိ အသက် ၃၆ နှစ်အရွယ် ဟက်ကာကို ပယ်ဆယ်လ်ဗေးနီးယား ခရိုင်တရားရုံးက ကွန်ပျူတာဆိုင်ရာ လိမ်လည်မှုနဲ့ အလွဲသုံးစားပြုမှု ဥပဒေအရ အောက်တိုဘာ ၂၆ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play
ကိတ်အပ်တန်


ဟက်ကာ ရိုင်ယန်က Apple နဲ့ Google အကောင့် ၁၀၀ ကျော်ကို hack လုပ် ရယူခဲ့ပြီး အဆိုပါ အကောင့်များထဲမှာ လော့စ်အိန်ဂျလိစ်ရှိ အနုပညာရှင် အသိုင်းအဝိုင်းမှ နာမည်ကြီးတွေ ပါဝင်ခဲ့ကြောင်း အမေရိကန် တရာရေးဌာနက ပြောပါတယ်။

play
ရီဟားနား


၂၀၁၄ ခုနှစ် hack လုပ်ခံရမှု ဖြစ်စဉ်ကြောင့် ဂျနီဖာလောရင့်စ်၊ ကိတ်အပ်တန်၊ ရီဟားနား၊ အေဗရယ်လက်ဗင်းနဲ့ ဂက်ဘရီလီယူနီယံတို့ရဲ့ ကိုယ်လုံးတီးဓာတ်ပုံများ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

play
ဂက်ဘရီလီယူနီယံ


ဟက်ကာ ရိုင်ယန်က iCloud အကောင့် အနည်းဆုံး ၅၀ နဲ့ Gmail အကောင့် ၇၀ ကို ရယူနိုင်ခဲ့ပြီး အများစုဟာ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီး အနုပညာရှင်တွေလို့ ဆိုပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ