International Celebrity: ကင်ယူဂျောင်းရဲ့အမေက ပတ်ဘိုဂမ်အပေါ် ခံစားချက် ရှိမရှိ မေးမြန်း

သရုပ်ဆောင်တာက ပီပြင်လွန်းတော့လည်း မိဘတွေက မေးမြန်းတော့တာပေါ့။

play

 

Moonlight Drawn by Clouds ဇာတ်ကားမှာ ပတ်ဘိုဂမ်နဲ့ သရုပ်ဆောင်ခဲ့မှုက ပီပြင်လွန်းတော့ ကင်ယူဂျောင်းရဲ့ မိသားစုဝင်တွေအဖို့ မေးမြန်းရတာတွေ ဖြစ်လာခဲ့ရပါပြီ။

play

 

အမေနဲ့အစ်မက သူမကို ပတ်ဘိုဂမ်အပေါ် ခံစားချက်တွေများ ရှိနေသလားဆိုပြီး မေးမြန်းခဲ့ကြတယ်လို့ ယူဂျောင်းက ထုတ်ပြောခဲ့ပါတယ်။ ပြီးတော့ မင်းသားလီယောင်ဟာ စမတ်ကျပြီး ပညာရှိသူမို့ ဘယ်သူကမှ မချစ်ဘဲနေနိုင်မှာမဟုတ်ဘူးဆိုပြီး အမေက ဆက်ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

play

 

"လီယောင်မင်းသားက အိုပါးဘိုဂမ်လို နွေးထွေးတဲ့လူဖြစ်သလို အိုပါးဘိုဂမ်ကလည်း လီယောင်မင်းသားနဲ့ တူနေပြန်ရော၊ ကျွန်မတို့ သရုပ်ဆောင်နေချိန်သာမက အပြင်မှာလည်း သူက ဂရုစိုက်ပေးတယ်။ သူက တကယ်ကောင်းတဲ့ အစ်ကိုပါပဲ" လို့ ကင်ယူဂျောင်းက သူမရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ