International Celebrity: အမေရိကန် အဆိုတော် မင်းသမီးချော ဒပ်ဖ်

နာမည်ကျော် ဟော်ကီကစားသမားမိုက်ခ်နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

ကလေးဘဝတည်းက နာမည်ကြီးအောင်မြင်ခဲ့တဲ့ အမေရိကန် အဆိုတော် မင်းသမီးချော Hilary Duff ဒပ်ဖ်ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

play

 

သူမရဲ့မိခင်က ရုပ်ရှင်နဲ့သီချင်းထုတ်လုပ်သူတစ်ဦးဖြစ်ပြီး အသက် ၈ နှစ်အရွယ်တည်းက သရုပ်ဆောင်အဖြစ် စတင်ပါဝင်လာခဲ့သူပါ။ သူမဟာ ၁၉၉၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Casper Meets Wendy ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရာကနေ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။

play

 

Disney နဲ့လက်တွဲပြီးလည်း ရုပ်ရှင်တွေ၊ တေးသီချင်းတွေ ပါဝင်သရုပ်ဆောင် သီဆိုရိုက်ကူးခဲ့ပါတယ်။ သူမဟာ လူငယ်ကြိုက် မင်းသမီးလေးတစ်ဦးအဖြစ် နေရာရအောင်မြင်ခဲ့သူဆိုလည်း မမှားပါဘူး။ Agent Cody Banks, The Lizzie McGuire Movie, A Cinderella Story, The Perfect Man, According to Greta ဇာတ်ကားတွေကတော့ သူမရဲ့ လူသိများ အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေ ဖြစ်ပါတယ်။

play

 

အခုဆိုရင် သူမဟာ တေးအယ်လ်ဘမ် ၅ခုတိတိ ထုတ်ဝေဖြန့်ချိခဲ့ပြီးလည်း ဖြစ်ပါတယ်။ Backstreet Boys အဆိုတော်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အယ်ရွန်ခတ်တာနဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးသေးတဲ့ ဒပ်ဖ်ဟာ ၂၀၁၀ ခုနှစ်မှာတော့ နာမည်ကျော် ဟော်ကီကစားသမားမိုက်ခ်နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

၆နှစ်ကြာပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦး တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ