International Celebrity: စေ့စပ်မှုဖျက်သိမ်းခံရတဲ့ မရိုင်ယာကာရီ သန်း ၅၀ အလျော်တောင်း

သူမဘက်က နစ်နာမှုတွေ များခဲ့တယ်လို့ ဆိုပါတယ်။

play

 

တစ်ဖက်သတ် ဖျက်သိမ်းခံလိုက်ရတဲ့ စေ့စပ်မှုအတွက် မရိုင်ယာကာရီဟာ ဂျိမ်းစ်ပတ်ကားထံကနေ ဒေါ်လာ သန်း ၅၀ ဒါမှမဟုတ် အခြားတစ်ခုခု တောင်းဆိုခဲ့တယ်လို့ TMZ သတင်းက ရေးသားထားပါတယ်။

play

 

ပတ်ကားဟာ သူ့ရဲ့ကလေးတွေနဲ့ နီးနီးကပ်ကပ်နေနိုင်အောင် မရိုင်ယာကို နယူးယော့ခ်ကနေ လော့စ်အန်ဂျလိစ်ကို ပြောင်းရွှေ့စေခဲ့သလို ဂရိစ်မှာတုန်းကလည်း မရိုင်ယာရဲ့အကူဝန်ထမ်းကို တစ်စုံတစ်ခု ကျူးလွန်ခဲ့ပါသတဲ့။ ဒါကြောင့်မို့လို့ မရိုင်ယာရဲ့ မြောက်အမေရိကဖျော်ဖြေရေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုတယ်။

play

 

ပတ်ကားကြောင့် သူမရဲ့ နစ်နာမှုတွေအတွက် ဒေါ်လာ သန်း ၅၀ လျော်ကြေးတောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မရိုင်ယာရဲ့လက်မှာတော့ ပတ်ကားပေးထားတဲ့ ဒေါ်လာ ၁၀ သန်းတန် စေ့စပ်စိန်လက်စွပ် ရှိနေဆဲပါ။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ