International Celebrity: တောင်ကိုရီးယား အဆိုတော် မော်ဒယ်မင်းသားချော

ဂျန်ဂေါင်ဆုက်ဟာ လူငယ်မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူး။

play

 

အိန်ဂျယ်ချစ်သူ (You're Beautiful (2009)) ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် မော်ဒယ်မင်းသားချောလေး Jang Keun-suk ဟာ အသက် ၅ နှစ်အရွယ်တည်းက ကလေးမော်ဒယ်ဖြစ်ခဲ့သူပါ။

play

 

၁၉၉၈ ခုနှစ်မှာစတင်ကာ ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ You're Beautiful ဆိုတဲ့ လူငယ်အဆိုတော်အဖွဲ့ ဟာသရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ မာနကြီးဘဝင်မြင့်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ Hwang Tae-kyung ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရာကနေ လူသိများ အောင်မြင်လာခဲ့ပါတယ်။

play

 

နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေမှာပါ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်လာခဲ့တဲ့ ဂျန်ဂေါင်ဆုက်ဟာ လူငယ်မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူး။ ကိုယ်တိုင်လည်း တေးသီချင်းသီဆိုမှုတွေ ရှိခဲ့သလို နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းဗီဒီယိုတွေမှာလည်း မကြာခဏ သရုပ်ဆောင်လေ့ရှိပါတယ်။

play

 

 ဂျန်ဂေါင်ဆုတ်ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေနဲ့အတူ ပရိသတ်တွေကို သွားရောက်ဖျော်ဖြေလေ့ရှိပြီး မော်ဒယ်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေရှိသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ