International Celebrity: စကော့တလန်ရဲ့ ချမ်းအေးလှတဲ့ရာသီမှာ ဘောင်းဘီတိုလေးနဲ့ လျှောက်သွားနေတဲ့ ဂျက်စတင်ဘီဘာ

သူ့ကြည့်ရတာတော့ မချမ်းသလိုပါပဲ။

play

 

ဂျက်စတင်ဘီဘာဟာ သူငှားရမ်းထားတဲ့ စကော့တလန် အိမ်ကြီး အပြင်ဘက်မှာ ဘောင်းဘီတိုလေးနဲ့ လျှောက်သွားနေတာကို မြင်တွေ့ရပါတယ်။

play

 

ဂျေဘီကို ကြည့်ရတာ အတွင်းခံဘောင်းဘီလေးနဲ့ အပြင်ကို ထွက်ရတာ တော်တော်ပျော်နေပုံပါပဲ။

ဂျေဘီဟာ ဂလက်စဂိုမြို့မှာ ဖျော်ဖြေနေစဉ် Perth and Kinross ရှိ Kinross House မှာ နေထိုင်နေတာပါ။

play

 

အတွင်းခံလေးဝတ်လို့ လျှောက်သွားရင်း ဓာတ်ပုံတွေ ရိုက်နေတဲ့ ဂျေဘီ့ကို ကြည့်ရတာ ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုပါပဲ။

play

 

ဂျေဘီဟာ စကော့တလန်မှာ နေထိုင်စဉ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြည့်ရှုကြတဲ့ ၁၇ ရာစုနှစ်က အဆောက်အအုံကြီးဖြစ်တဲ့ Kinross House တစ်ခုလုံးကို ငှားရမ်းထားတာ ဖြစ်ပါတယ်။

play

 

ဂျေဘီ့ကို မြင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခြံဝင်းအပြင်ကနေ ချောင်းမြောင်းနေတဲ့ ပရိသတ်အချို့လည်း ရှိနေပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ