AD
AD
AD
play

 

ဒီနှစ် ဟောလိုးဝင်းပွဲတော်မှာ အထူးအခြားဖြစ်သွားတာကတော့ အော်လန်ဒိုဘလွန်းနဲ့ ကေတီပယ်ရီတို့စုံတွဲပါပဲ။ ကိတ်ဟတ်ဆန်ရဲ့ ဟောလိုးဝင်းပါတီကို အတူယှဉ်တွဲပြီး တက်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ကေတီပယ်ရီက ဟီလာရီကလင်တန်နဲ့ ပုံစံတူအောင် ပြင်ဆင်လာခဲ့ပါတယ်။ ဟီလာရီဝတ်နေကျ pan suit ဝတ်စုံ အနီရောင်နဲ့အတူ ဆံပင်ပုံစံကိုပါ ပြင်ဆင်ထားခဲ့တာပါ။ နားကပ်နဲ့အသုံးအဆောင်တွေကလည်း ဟီလာရီပုံစံပါပဲ။

play

 

ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်းကတော့ ဟီလာရီရဲ့ခင်ပွန်း ကန်သမ္မတဟောင်း ဘီလ်ကလင်တန်အဖြစ် ဆင်ယင်လာခဲ့ပါတယ်။ ရင်ဘတ်မှာတော့ I'm with her ဆိုတဲ့ ဟီလာရီကိုထောက်ခံတဲ့ ရင်ထိုးကို တပ်ထားတာကို တွေ့ရပါတယ်။

Source : OK!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD