play

 

ကမ္ဘာ့ကြေးအမြင့်ဆုံးမော်ဒယ် စာရင်းဝင် ကန်ဒဲလ်ဂျန်နာနဲ့ ငယ်ငယ်ထွားထွားညီမလေး ခိုင်လီဂျန်နာတို့ရဲ့ ဟောလိုးဝင်းဖက်ရှင်တွေကို ကြည့်ချင်သူတွေ များပြားမယ်လို့ ယုံကြည်ရပါတယ်။ သူတို့နှစ်ယောက်ကလည်း ပရိသတ်တွေ စိတ်မပျက်စေမယ့် ဟောလိုးဝင်းဖက်ရှင်တွေကိုပဲ ရွေးလိုက်ကြပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာရဲ့ဟောလိုးဝင်းဖက်ရှင်ကတော့ ကြောက်စရာကောင်းမယ့်အစား ချစ်စရာကောင်းလောက်အောင်ပဲ ဆက်စီကျနေပါတယ်။ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံမှာ အပေါ်ပိုင်းက ခပ်ဟိုက်ဟိုက်နဲ့ အောက်မှာတော့ စကတ်တိုတိုလေးကို တွဲဝတ်ထားတာပါ။ ပိုက်ကွက်အသားကပ်ဘောင်းဘီနဲ့အတူ အနက်ရောင်နှုတ်ခမ်းနီကို ရွေးချယ်ထားတာကြောင့် ဟောလိုးဝင်းဖက်ရှင် ကွက်တိပါပဲ။

play

 

ခိုင်လီကတော့ အိမ်မှာ ဟောလိုးဝင်းပါတီတောင် လုပ်လိုက်သေးတယ်လို့ ကြားပါတယ်။ အရိုးခေါင်းပုံစံ မျက်နှာကို ပြင်ဆင်ထားပြီး နှင်းဆီနီရောင်ရင့်ရင့် နှုတ်ခမ်းနီကတော့ သူမရဲ့နှုတ်ခမ်းတွေပေါ်မှာ အသားတကျ ညှို့အားပြင်းနေပြန်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video