International Celebrity: အသက်ကြီးရမှာ မကြောက်ဘူးဆိုတဲ့ ရိုစီ

ကျွန်မ ရင့်ကျက်ကြီးပြင်းလာပြီလို့ ခံစားမိတယ်လေ....

play

 

ဆက်စီကျပြီး ညှို့အားပြင်းတဲ့ စူပါမော်ဒယ်လေး ရိုစီ ဟန်တင်တမ် ဝှိုက်တလေရဲ့ အသက်အရွယ်ကြီးရင့်လာမှုအပေါ် ခံယူချက်အမြင်ကတော့ အခြားမော်ဒယ်တွေနဲ့ ကွဲပြားလွန်းပါတယ်။ လှပနုပျိုမှုနဲ့သာ အနုပညာအလုပ်တွေ လုပ်ရပေမဲ့ ရိုစီကတော့ အသက်ကြီးလာရမှာ မကြောက်တဲ့အပြင် အသက် ၃၀ တောင် မြန်မြန်ရောက်ချင်ပြီလို့ ဆိုလိုက်ပါတယ်။ သူမက ယခုဆို အသက် ၂၉ နှစ်ရှိပါပြီ။

play

 

" ကျွန်မကတော့ စိတ်လှုပ်ရှားနေတယ်။ အသက် ၃၀ ပြည့်ဖို့ကို မစောင့်နိုင်လောက်အောင်ပါပဲ၊ ကျွန်မ ရင့်ကျက်လာပြီလို့ ခံစားမိတယ်လေ" လို့ Steller မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။ သူမထက် အသက်ကြီးတဲ့အမျိုးသမီးတွေက အသားအရေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြသလို သူတို့ ဘယ်လိုကြီးပြင်းလာသလဲ၊ ဘဝမှာ ဘယ်လိုအတွေ့အကြုံတွေ များခဲ့သလဲဆိုတာတွေကိုကြည့်ကာ သူမကလည်း ရင့်ကျက်ကြီးပြင်းလာလို့ပါသတဲ့။

play

 

ရင်သားတွဲကျတာတွေ၊ တင်ပါး ပြားကပ်လာတာတွေ ရှိနိုင်ပေမဲ့ သူမကတော့ တကယ်အရေးကြီးတဲ့အရာကိုပဲ လိုချင်တယ်လို့ ဆိုပါတယ်။ အလုပ်ကို အလုပ်လိုပဲ သဘောထားပြီး ဒါကို ဘဝစတိုင်တစ်ခုလိုတော့ မမြင်တဲ့အကြောင်း သူမရဲ့ခံယူချက်ကိုလည်း ပြောခဲ့ပါတယ်။

Source : Stella

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ