International Celebrity: ချယ်ရီ့နားမှာ ရှိနေခွင့်ရသူတွေကို မနာလိုဘူးလို့ ဆိုလိုက်တဲ့ လီယမ်ပင်းန်

လီယမ်ပင်းန်ဟာ ခေတ္တခွဲခွာနေရတဲ့ ချစ်သူကို လွမ်းနေတာပါ။

play

 

ဟောလိဝုဒ်ကိုရောက်နေတဲ့ လီယမ်ပင်းန်ဟာ ပျော်ရွှင်စရာတွေများနေပေမဲ့ ချစ်သူ ချယ်ရီကို လွမ်းနေပုံရပါတယ်။

play

 

လန်ဒန်မှာ ရေမွှေးသစ် စတင်ဖြန့်ဖြူးတဲ့ပွဲကို တက်ရောက်နေတဲ့ အသက် ၃၃ နှစ်အရွယ် ချယ်ရီ့ကို အသက် ၂၃ နှစ်အရွယ် One Direction အဆိုတော် လီယမ်က ကြည်နူးဖွယ်စာလေးကို တွစ်တာကနေ ရေးသားခဲ့တာပါ။

play

 

"ရှင်တို့နဲ့အတူ ဒီနေ့ကို ကုန်ဆုံးရတာ အရမ်းသဘောကျတယ်။ ကျွန်မ အရမ်းပျော်ပါတယ်။ ဒီနေ့ လာရောက်ကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပွဲအပြီးမှာ ချယ်ရီက ကျေးဇူးတင်ကြောင်း စာလေးကို တွစ်တာကနေ ရေးသားချိန်မှာ လီယမ်က ချယ်ရီ့ရဲ့အောက်ကနေ ချက်ချင်းပဲ "ငါ့ရဲ့ကောင်မလေးနဲ့ ဒီနေ့ကို ကုန်ဆုံးခွင့်ရတဲ့လူအားလုံးကို အရမ်းမနာလိုဖြစ်တယ်..grrrrr" လို့ လီယမ်က ပြန်ရေးခဲ့ပါတယ်။

play

 

လီယမ်ရဲ့ ချစ်စဖွယ်ကောင်းတဲ့စာလေးကို Like ပေးသူပေါင်း တစ်သောင်းရှိခဲ့ပြီး ပြန်လည်မျှဝေသူ ငါးထောင် ရှိခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ