International Celebrity: နှစ်ယောက်အတူပိုင်တဲ့အိမ်ကို ရောင်းလိုက်တဲ့ ဂျိုလီနဲ့ ဘရတ်ပစ်

နယူးအော်လန်က အိမ်ကို ရောင်းလိုက်တာ ဖြစ်ပါတယ်။

play

 

အန်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့က နယူးအော်လန်မှာရှိတဲ့ နှစ်ဦးပိုင်အိမ်ကို ဒေါ်လာ ၄.၉ သန်းနဲ့ ရောင်းချလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ် မင်းသမီးဟာ လွန်ခဲ့တဲ့တစ်လကျော်က ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်ခဲ့ပြီးနောက် လူဝီစီးယားနားပြည်နယ်မှာရှိတဲ့ နှစ်ဦးပိုင်အိမ်ကို ရောင်းလိုက်တာ ဖြစ်ပါတယ်။

play

 

ကွဲကွာနေကြတဲ့ သူတို့စုံတွဲဟာ ၁၈၃၀ ပြည့်နှစ်တွေအတွင်းက တည်ဆောက်ခဲ့တဲ့ ယင်းအိမ်ကြီးကို၂၀၁၅ ခုနှစ် မေလကတည်းက ဒေါ်လာ ၆.၅ သန်းနဲ့ ဈေးကွက်တင်ခဲ့တာဖြစ်ပြီး ယခုမှ ရောင်းထွက်သွားခဲ့တာပါ။

play

 

အသက် ၅၂ နှစ်အရွယ် ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ ၂၀၀၆ ခုနှစ်မှာ ယင်းအိမ်ကြီးကို ဒေါ်လာ ၃.၅ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ