play

 

ဇေးမောလစ်ခ်ဟာ ငယ်စဉ်ကတည်းက ကျောင်းဝတ်စုံကို သူများနဲ့လည်း ပုံစံမတူအောင်၊ အပြစ်ပေးလည်းမခံရအောင် ပြုလုပ်ဝတ်ဆင်တတ်ခဲ့ကြောင်း ပြောပြပါတယ်။

နောက်ထွက်မယ့် သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ Zayn ထဲမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဇေးက အခုလို ပြောထားတာ ဖြစ်ပါတယ်။

play

 

"ကျွန်တော့်မှာ အမြဲတမ်း ကိုယ်ပိုင်စတိုင်နည်းနည်းတော့ ရှိနေတတ်တယ်။ ငယ်ငယ်ကတည်းက ဆိုပါတော့။ ကျောင်းဝတ်စုံတွေ၊ စည်းကမ်းတွေ၊ နက်ကတိုင်တွေကို မုန်းတယ်။ တကယ်လို့သာ ကျောင်းမှာ ဘာစည်းမျဉ်းမှ မရှိဘူဆိုရင် လက်တစ်ဖက်ကို လက်အိတ်ရှည်ဝတ်၊ ပခုံးတစ်ဖက်ပေါ်မှာ ဂျာကင်ကိုတင်ပြီး သွားမိမှာ" လို့ ဇေးက ပြောထားပါတယ်။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့ ချစ်သူတွေဖြစ်နေကြတဲ့ One Direction အဆိုတော် ဇေးမောလစ်ခ်ဟာ သူ့မှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး အမြင်ရှိကာ အဝတ်အစားကို အရဲစွန့်ပြီး ဝတ်ရတာ အလွန်လန့်ကြောင်းလည်း ဇေးက ဝန်ခံခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video