International Celebrity: ဝံပုလွေခေါင်းနဲ့ ရုပ်ဖျက်ထားတဲ့ လီယိုနာဒို

, updated

ရုပ်ဖျက်တာ တော်ပေမဲ့ တစ်ကွက်တော့ လိုသွားပါတယ်။

play

 

အော်စကာဆုရှင်ကြီး လီယိုနာဒို ဒီကတ်ပရီယိုဟာ သူ့ရဲ့ နာမည်ကျော်ဇာတ်ကားကို အမှီသဟဲပြုလို့ ဝံပုလွေပုံရုပ်ဖျက်ကာ ပွဲတစ်ခုကို တက်ခဲ့ပါတယ်။

play

 

သောကြာညက လော့စ်အန်ဂျလိစ်မှာပြုလုပ်တဲ့ ကိတ်ဟတ်ဆန်ရဲ့ ဟောလိုးဝင်းပွဲကို ဝံပုလွေခေါင်းကြီးစွပ်ပြီး တက်ခဲ့တာပါ။ ပွဲတစ်လျှောက်လုံး ဒီခေါင်းစွပ်ကို မချွတ်ခဲ့လို့ လီယိုနာဒိုမှန်း တော်ရုံနဲ့ မရိပ်မိခဲ့ကြပါဘူး။

play
Wolf of Wall Street ဇာတ်ဝင်ခန်းတစ်ခု

 

ပွဲကိုရောက်လာတဲ့ လီယိုနာဒိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်း တိုဘီ မာဂီယာနဲ့ အတူလာခဲ့တယ်ဆိုတာကို သိမှသာ လီယိုနာဒိုမှန်း ရိပ်မိကြတာပါ။ သူတို့နှစ်ဦးက အမြဲတမ်း တတွဲတွဲပါပဲ။ Wolf of Wall Street ဇာတ်ကားကို သတိရပြီး ဝံပုလွေပုံ ရုပ်ဖျက်လာပေမဲ့ တိုဘီကိုတော့ အပါခေါ်ခဲ့လို့ လီယိုနာဒိုမှန်း သိခဲ့ကြရပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ