AD
AD
AD
play

 

နာမည်ကျော်စပိုင်ဇာတ်ကောင် ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ကို ဒန်နီရယ် ကရစ်ခ်ျက စွန့်ခွာပြီးတဲ့နောက်မှာ ယခုချိန်ထိ အစားထိုးမယ့်လူကို ရှာမရသေးပါဘူး။ ကရစ်ခ်ျကလည်း ဂျိမ်းစ်ဘွန်းလုပ်မယ့်အစား လက်ကောက်ဝတ်ကိုသာ လှီးပလိုက်မယ်ဆိုပြီးတော့တောင် အပြင်းအထန် ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

play

 

ဂျိမ်းစ်ဘွန်းမင်းသားနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသား ရော်ဂျာမိုးကတော့ ကရစ်ခ်ျနေရာမှာ အိုက်ဒန် တန်နာကို ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ သင့်တော်တယ်လို့ ထုတ်ပြောပါတယ်။ အိုက်ဒန်ကလည်း ယောကျာ်းပီသတဲ့ ရုပ်ဆင်းအင်္ဂါရှိပြီး Poldark ဇာတ်လမ်းတွဲနဲ့ လူကြိုက်များလာခဲ့သူပါ။

play

 

တွမ်ဟစ်ဒယ်လ်စတန်ကလည်း မဆိုးပါဘူးလို့ ရော်ဂျာက ဆက်လက်ပြောကြားခဲ့ပြီး ဂျိမ်းစ်ဘွန်းနေရာမှာ အမျိုးသမီးတစ်ဦး သရုပ်ဆောင်တာကတော့ မဖြစ်သင့်ဘူးလို့ TalRadio အစီအစဉ်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD