International Celebrity: လေဒီဂါဂါ သိမ်းအထားချင်ဆုံး ဝတ်စုံ

သူမတစ်ဘဝလုံး သိမ်းထားချင်တဲ့ ဝတ်စုံအကြောင်းကို ပြောပြခဲ့ပါတယ်။

play

 

အသက် ၃၀ အရွယ် အဆိုတော် လေဒီဂါဂါဟာ Radio Disey နဲ့ စကားချိန်မှာ သူမတစ်ဘဝလုံးသိမ်းထားချင်တဲ့ ဝတ်စုံအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မတစ်ဘဝလုံး အဝတ်အစားတစ်စုံဘဲ သိမ်းထားခွင့်ရမယ်ဆိုရင် ကျွန်မမိခင်ရဲ့ မင်္ဂလာဝတ်စုံကို သိမ်းထားချင်တယ်။ အဲဒါကို ဝတ်ရတာ သက်သောင့်သက်သာလည်း ဖြစ်လိမ့်မယ်။ အဲဒီဝတ်စုံထဲမှာ အမေ့ကို သတိရစရာတွေလည်း ရှိနေမှာဖြစ်လို့ပါပဲ" လို့ သူမက ပြောခဲ့ပါတယ်။

play

 

ဒါ့အပြင် သူမအကြိုက်ဆုံး နေ့စဉ်အလှအပလုပ်ဆောင်ချက်က သွားတိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ လျှပ်စစ် ဒစ္စနေသွားတိုက်တံနဲ့ တိုက်နေချိန်မှ လူတွေရဲ့ တုံ့ပြန်မှုကို သဘောကျလို့လို့ ဆိုပါတယ်။

play

 

"ကျွန်မမှာ တကယ်ပဲ ဒစ္စနေသွားတိုက်တံရှိတယ်။ ကျွန်မနောက်နေတယ်လို့ ရှင်တို့ထင်မှာပဲ။ တကယ်ရှိတယ်။ ပြီးတော့ ပန်းရောင်လေး။ အဲဒီသွားတိုက်တံပေါ်မှာ မင်းသမီးလေးယောက်ပုံပါတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ