International Celebrity: ကလေးယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အီဗာလောင်ဂိုရီးယား

သူမဟာ လွန်ခဲ့တဲ့ ငါးလကမှ လက်ထပ်ခဲ့တာပါ။

play

 

အသက် ၄၁ နှစ်အရွယ် မင်းသမီးဟာ သူမရဲ့ soul mate ဖြစ်တဲ့ José ‘Pepe’ Bastón နဲ့ လွန်ခဲ့တဲ့ ငါးလ မက္ကဆီကိုမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လက်ထပ်ကတည်းက ကလေးယူချင်နေပေမဲ့လည်း သဘာဝအလျောက်ရလာတဲ့ ကလေးရတာကိုပဲ လိုချင်တာဖြစ်ပါတယ်။

play

 

"ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲလေ။ အဲဒီလိုမှ မဟုတ်ရင် ဘုရားသခင်ရဲ့ကောင်းချီးတစ်ခု ဘယ်ဖြစ်လာတော့မလဲ" လို့ သူမက Ocean Drive Magazine နဲ့ အင်တာဗျူးမှာ ပြောခဲပါတယ်။

သူမဟာ အိမ်ထောင်နှစ်ဆက်ကျခဲ့ပြီးတဲ့နောက် ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာမှ သူမရဲ့ Soul mate နဲ့ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ်။

"ကျွန်မ Pepe နဲ့ တွေ့တော့ ကျွန်မ အိမ်ထောင်ထပ်မပြုချင်တော့ဘူးလို့ ပြောလိုက်တယ်။ သူကလည်း ကျွန်တော်လည်း မပြုချင်တော့ဘူးလို့ ပြောတယ်။ အဲဒီမှာ ကျွန်မတို့ဇာတ်လမ်းစတာပါပဲ" လို့ သူမက ပြောပြခဲ့ပါတယ်။

play

"Pepe နဲ့ ကျွန်မက Soul mate တွေပါ။ ဘယ်လိုရှင်းပြရမလဲတော့မသိဘူး။ ကျွန်မတို့နှစ်ယောက်က အကြွေစေ့တစ်စေ့ရဲ့ မျက်နှာပြင်တစ်ဖက်စီလိုပဲ" လို့ အီဗာလောင်ဂိုးရီးယားက ရှင်းပြခဲ့ပါတယ်။

အရင်အိမ်ထောင်ရေးတွေက အဆင်မပြေခဲ့ပေမဲ့လည်း အဲဒီအကြောင်းအရာတွေကြောင့် ဒီနေ့ အခြေအနေကို ရောက်လာတာကြောင့် နောင်တမရပါဘူးလို့လည်း သူမက ဆိုခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ