International Celebrity: ကာဗာသီချင်းတွေ သီဆိုရင်း နာမည်ကြီးလာတဲ့ အဆိုတော်မလေး

Halsey ဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက သီချင်းရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

play

 

နာမည်ကြီး လူကြိုက်များတဲ့ အမေရိကန် အဆိုတော်မလေး Halsey ဟာ နယူးဂျာဇီမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

play

 

Cover သီချင်းတွေ သီဆိုကာ Youtube ပေါ်မှာတင်ရင်း လူသိများရာကနေ အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅ မှာ Badlands စတူဒီယိုအယ်လ်ဘမ် ထုတ်ဝေဖြန့်ချီခဲ့ပြီး အခြား နာမည်ကြီး အဆိုတော်တွေရဲ့ တေးသီချင်းတွေမှာ Featuring ပါဝင်သီဆိုခဲ့ပါတယ်။

play

 

The Huntsman : Winter's War ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်သီချင်း Castle ကို သီဆိုခဲ့ရာမှာလည်း အသံကောင်းပြီး သူမနဲ့လိုက်ဖက်မှုရှိတာမို့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။

play

 

The Chainsmokers ရဲ့ Closer သီချင်းမှာ Featuring ပါဝင်သီဆိုထားပြီး အဲ့ဒီ့သီချင်းဟာ Billboard စာရင်းဝင်တဲ့အထိလည်း အောင်မြင်ခဲ့ပါတယ်။ Halsey ဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက သီချင်းရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ