International Celebrity: သီချင်းတစ်ပုဒ် အတူဖန်တီးကြမယ့် ရှောင်မန်းဒက်စ်နဲ့ နီရဲလ်ဟိုရန်

ရှောင်မန်းဒက်စ်ကိုယ်တိုင် အတည်ပြုလိုက်ပါပြီ။

play

 

အသက် ၁၈ နှစ်အရွယ် ကနေဒီယန်အဆိုတော်လေးနဲ့ အသက် ၂၃ နှစ်အရွယ် One Direction အဆိုတော်တို့ဟာ သီချင်းအတူ ဖန်တီးကြမှာ ဖြစ်ပါတယ်။

အဲဒီသတင်းဟာ ပျံ့နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ အခုတော့ အင်တာဗျူးတစ်ခုမှာ ရှောင်မန်းဒက်စ်ကိုယ်တိုင် အတည်ပြုလိုက်ပါပြီ။

play

"အဲဒါအမှန်ပါပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ အချိန်ရသွားပြီပေါ့။ ဟိုတစ်နေ့မှ သူနဲ့ ပထမဆံးအကြိမ်တွေ့ဖြစ်တယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် သိနေတာ ကြာနေတဲ့သူတွေလိုခံစားရတာ တကယ်ထူးဆန်းတယ်လို့" ရှောင်မန်းဒက်စ်က နီရဲလ်ဟိုရန်ကို သဘောကျနှစ်ခြိုက်မိကြောင်း ပြောခဲ့ပါတယ်။

play

 

"သူက အရမ်းတော်တယ်လို့ ထင်တယ်။ သူနဲ့ သီချင်းအတူ ရေးချင်တယ်" လို့ ရှောင်မန်းဒက်စ်က ဆိုခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ