International Celebrity: မော်ဒယ်မင်းသားချော ဂျိမ်းစ်

X-Men ရုပ်ရှင်ဇာတ်ကားမှာ Cyclops အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ စတင်သိရှိခဲ့ပါတယ်။

play

 

အမေရိကန် အဆိုတော် မော်ဒယ်ဟာသမင်းသားချော James Marsden ဟာ အိုကလာဟိုးမားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်းညီနှစ်ယောက် ညီမနှစ်ယောက်ရှိပါတယ်။  ၁၉၉၀ နောက်ပိုင်းမှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူပါ။

play

 

ဂျိမ်းစ်ဟာ၂၀၀၀ ပြည့်နှစ်က X-Men ရုပ်ရှင်ဇာတ်ကားမှာ Cyclops အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ စတင်သိရှိခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Zoolander, X2 : X-Men United, The Notebook, X-Men: The Last Stand, Superman Returns ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

play

 

 ၂၀၀၇ ခုနှစ်မှာတော့ တေးဂီတ ဟာသအချစ် ဇာတ်ကားတစ်ကားဖြစ်တဲ့ Hairspray ရုပ်ရှင်ဇာတ်ကားမှာ်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။ Disney ရဲ့ Enchanted ခေတ်သစ် ဟာသပုံပြင်ကားလေးမှာလည်း ပုံပြင်ထဲကမင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ဟာသဇာတ်ရုပ်တွေမှာပိုင်နိုင်လွန်းသူမို့ ပရိသတ်တွေချစ်တဲ့ မင်းသားတစ်လက်လည်း ဖြစ်လာခဲ့ပါတယ်။

play

 

အဲ့ဒီ့နောက်မှာလည်း ရုပ်ရှင်ဇာတ်ကား အများအပြားမှာ ဆက်လက် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့သူပါ။ ဂျိမ်းစ်ဟာ အနုပညာထူးချွန်ဆု အများအပြား ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

play

 

မင်းသမီး မေရီအယ်လီဇဘတ်သ်နဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် ပိုင်ဆိုင်ခဲ့သလို သူမနဲ့ကွဲကွာပြီးနောက်ပိုင်းမှာလည်း နောက်ထပ်တွဲတဲ့ ရည်းစားကောင်မလေးနဲ့ သားတစ်ယောက် ထပ်မံရရှိခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ