International Celebrity: နှစ်ကုန်မှာ စေ့စပ်တော့မယ့် အဒဲလ်

၂၀၁၁ ခုနှစ်ကတည်းက လက်တွဲခဲ့တာ ခုဆို ငါးနှစ်ရှိပါပြီ။

play

 

နောက်ဆုံးထွက်အယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ အဒဲလ်ဟာ နောက်ထပ် မှတ်တိုင်တစ်ခုကိုလည်း စိုက်ထူပါတော့မယ်။

play

 

၅ နှစ်ကြာ လက်တွဲလာတဲ့ချစ်သူနဲ့ မကြာခင် စေ့စပ်တော့မှာပါ။ အဒဲလ်နဲ့ စိုင်မွန်ကွန်နက်ကီတို့မှာ သားလေး အန်ဂျလိုကိုလည်း ပိုင်ဆိုင်ထားပြီးပါပြီ။ စိုင်မွန်ကလည်း ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်ကာ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။

play

 

အဒဲလ်နဲ့ စိုင်မွန်တို့ဟာ ယခုနှစ်ကုန်ပိုင်းမှာ စေ့စပ်ပွဲဆင်နွှဲမှာဖြစ်ကြောင်း နီးစပ်တဲ့မိတ်ဆွေတွေက အတည်ပြုပေးပါတယ်။ တလောက အဒဲလ်ရဲ့ရှိုးပွဲမှာ ချစ်သက်တမ်း ၅ နှစ်ပြည့်အတွက် စိုင်မွန်က အချစ်စာတိုလေးတွေ ဖြန့်ကျဲကာ အမှတ်တရလုပ်ပေးခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ