International Celebrity: အထင်လွဲခံနေရတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ ဂျက်စတင်ဘီဘာရဲ့စာ

သူလည်း လူသားပေမို့ အမှားပါနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဂျက်စတင်ဘီဘာတစ်ယောက် ရှိုးပွဲတွေမှာ ဆက်တိုက် ပေါက်ကွဲပြီးတဲ့နောက် သူ့ရဲ့ပရိသတ်ကို ခံစားချက်တွေ ဖွင့်ဟတဲ့ စာတစ်စောင်ပေးပို့လာပါတယ်။

အသက် ၂၂ နှစ်အရွယ် အဆိုတော်လေးဟာ မန်ချက်စတာကွင်းမှာ ပြုလုပ်တဲ့ ရှိုးပွဲမှာ ပရိသတ်က သူ့ကို စကားပြောခွင့်မပေးတဲ့အတွက် စတိတ်စင်ပေါ်က ဆင်းသွားခြဲ့ပီးတဲ့နောက် အောက်တိုဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့စာတစ်စောင်ကို တွစ်တာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

play

 

"လူတွေက သင့်ကို အလဲထိုးလေ့ရှိတယ်။ ကျွန်တော်ဆိုလိုချင်တာက...လူတွေက မလိမ့်တပတ်လုပ်ဖို့ ကြိုးစားတယ်။ တချို့လူတွေက နားမထောင်ချင်ကြဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်းပဲ ခံစားတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ ပြောဖို့ ဒီစင်မြင့်ကို မသုံးဘူးဆိုရင်၊ ကျွန်တော်သိထားတဲ့ ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အဖြစ် ကျွန်တော့်နှလုံးသားထဲမှာရှိတာကို ပြောဖို့ ဒီစင်မြင့်ကို မသုံးဘူးဆိုရင် ကိုယ့်အပေါ်ကိုယ် မတရားရာကျသွားမယ်။ ဒီပရိသတ်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ ဘာမှမဟုတ်တဲ့သူ ဖြစ်သွားမယ်။

ကျွန်တော် အမှားတွေ ပြောမိတဲ့ အချိန်တွေ ရှိမှာပါပဲ။ ကျွန်တော်က လူသားတစ်ယောက်ပဲကိုး။ ဒါပေမဲ့ ကျွန်တော်ဟာ ပြည့်စုံနေတဲ့ လူတစ်ယောက်အဖြစ် ဟန်မဆောင်ဘူး။ ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ်မဟုတ်တဲ့အတွက် အမြဲတမ်းတော့ မှန်ကန်နေမှာ မဟုတ်ဘူး။ ကျွန်တော်က စက်ရုပ်မဟုတ်တဲ့အတွက် ကျွန်တော် ဝမ်းနည်းချိန်တွေရှိမယ်၊ ဒေါသထွက်ချိန်တွေရှိမယ်၊ စိတ်ကသိကအောက်ဖြစ်ချိန်တွေ ရှိမယ်။ ဒါပေမဲ့ စတိတ်စင်ပေါ်မှာတော့ အမြဲတမ်း ကျွန်တော် အစစ်အမှန်ဖြစ်စေရမယ်။

play

 

'ဂျက်စတင်က ပရိသတ်ကို စိတ်ဆိုးနေတယ်။ သူက ပရိသတ်ကို မအော်စေချင်ဘူး' လို့ လူတွေက တွစ်တာမှာ ရေးကြတယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်က လူတွေကို နားထောင်စေချင်တယ်၊ ကျွန်တော်ပြောတာကို နည်းနည်းလောက် ကြားစေချင်တယ်။ တချို့လူတွေက ကျွန်တော်ပြောတာကို နားမထောင်ချင်ဘူး။ တစ်ခါတလေ 'ဟေး..ကျွန်တော် ဘာကိုမှ ဖိအားမပေးချင်ပါဘူး' လို့ ပြောရမှာ ကျွန်တော့်အလုပ်ပါ။ ဒီည ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော် ပြောတာကို နားထောင်ပေးတယ်၊ နားလည်ပေးတယ်၊ ကျွန်တော်နဲ့အတူ လှုပ်ခါပေးတယ်။ ခင်ဗျားတို့က အရမ်းကို သဘောကျစရာကောင်းတယ်" လို့ ရေးထားတဲ့ စာအရှည်ကြီးကို ဓာတ်ပုံရိုက်ပြီး ဂျေဘီက တင်ထားတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ