ခိုင်လီဂျန်နာဟာ ဟော်လိုဝင်းအတွက်ကို အဆိုတော် Christina Aguilera ရဲ့ ၂၀၀၂ သီချင်းဗီဒီယိုထဲက ဝတ်စုံကို ရွေးချယ်လိုက်ပါတယ်။
ကင်မ်ကာဒါရှီယန်ရဲ့ အငယ်ဆုံးညီမလေး ခိုင်လီဟာ ဘရာ အဖြူအနီကြား၊ အတွင်းခံဘောင်းဘီအနီတို့ကို အဖြူအနက်စပ်ထားတဲ့ ဆက်စီကျကျဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လို့ သူမရဲ့ရှည်လျားလှတဲ့ ရွှေအိုရောင်ဆံပင်တုပေါ်မှာ ကျစ်ဆံမြီးအမည်းတွေ တင်ထားပါတယ်။
အသက် ၁၉ နှစ်အရွယ် ခိုင်လီဟာ ဟောလိဝုဒ်က Bootsy Bellows Halloween ပါတီကို ချစ်သူဖြစ်သူ တိုင်ဂါနဲ့အတူ သွားရောက်ခဲ့တာပါ။
Source & Photos: the Sun