International Celebrity: ဟော်လိုဝင်းနေ့ကို ကျင်းပကြတဲ့ ဆယ်လီများ

ဒီဇိုင်းတစ်မျိုးစီနဲ့ လန်းနေကြပါတယ်။

play

 

ဟောလိုဝင်းဒေးဖြစ်တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကို ဆယ်လီတွေကလည်း ဒီဇိုင်းမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။

play

 

အဲဒီထဲမှာ ဖုတ်ကောင် သတို့သမီးစတိုင်နဲ့ ကော့တနီကာဒါရှီယန်ရဲ့ဒီဇိုင်းဟာ လူကြိုက်များလှပါတယ်။

play

 

အသက် ၃၇ နှစ်အရွယ် ကော့တနီဟာ အနောက်ဟောလိဝုဒ်မှာ ပြုလုပ်တဲ့ Bootsy Bellows Halloween ပါတီကို ယင်းစတိုင်နဲ့ တက်ရောက်လာတာ ဖြစ်ပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီးလေး ဘယ်လာသွန်းကတော့ ဆက်စီကျလှတဲ့ ဖုတ်ကောင်မလေးပုံစံနဲ့ ဓာတ်ပုံရိုက်ကူးပြီး အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

play

 

မော်ဒယ် အီမိုဂန်သောမတ်စ်က ဆက်စီကျလှတဲ့ နတ်ဆိုးမလေးအသွင်နဲ့ ဟော်လိုဝင်းပါတီကို တက်ရောက်ခဲ့ပါတယ်။

play

 

မင်းသမီး ဂျက်စီကာအယ်လ်ဘာကတော့ သူများနဲ့မတူဘဲ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ဟော်လိုဝင်းပွဲကို ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။

play

 

သူမရဲ့ ငါးနှစ်အရွယ် သမီးလေးအကြိုက်ဆုံး ဖြစ်တဲ့ Shimmer And Shine ကာတွန်းကားထဲက အမြွှာညီအစ်မနှစ်ယောက်အဖြစ် သားအမိနှစ်ယောက်ကို မြင်တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ