International Celebrity: ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ချစ်ကြိုးသွယ်နေတဲ့ အမေရိကန်မင်းသမီး

သူမဟာ ဝီလျံနဲ့ ကိတ်တို့နဲ့တောင် တွေ့ဆုံပြီးပြီလို့ ကြားသိရပါတယ်။

play

 

ဗြိတိန်မင်းသား ဟယ်ရီဟာ အမေရိကန်မင်းသမီး မီဂန်မာကယ်လ်နဲ့ ချစ်ကြိုးသွယ်နေပြီး သူမကို ဝီလျံနဲ့ ကိတ်တို့နဲ့တောင် မိတ်ဆက်ပေးပြီးပြီလို့ သတင်းတွေ ထွက်နေချိန်မှာ သူတို့နှစ်ဦး ဝတ်ထားတဲ့ လက်ပတ်တွေကလည်း ဆင်တူဖြစ်နေတာကို မြင်တွေ့ရပါတယ်။

play

 

ဟယ်ရီဟာ ပိတုန်းရောင်ကေသာပိုင်ရှင်မလေး မီဂန်ကို အရူးအမူးဖြစ်နေတယ်လို့လည်း သိရပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မီဂန်မာကယ်ဟာ အမေရိကန် မော်ဒယ်၊ မင်းသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ အမေရိကန် ဒရမ်မာစီးရီးဖြစ်တဲ့ Suits ထဲမှာ ရေချယ်ဇန်းအဖြစ် ပါဝင်သရုပ်ဆောင်ရင်း နာမည်ကျော်လာသူလည်း ဖြစ်ပါတယ်။

play

 

သူမ နောက်ဆုံးတင်လိုက်တဲ့ အောက်စဖို့ဒ်ရှိုင်းယားရှိ Soho Farmhouse ကို သွားရောက်လည်ပတ်နေပုံမှာ ဝတ်ဆင်ထားတဲ့ လက်ပတ်လေးဟာ မင်းသား ဟယ်ရီ မကြာခဏ ဝတ်ဆင်တတ်တဲ့ လက်ပတ်နဲ့ တူနေတာကို တွေ့ရတာပါ။

play

 

ကူညီထောက်ပံ့ရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချိန်တွေမှာ မင်းသားဟယ်ရီက ယင်းလက်ပတ်ကို ဝတ်ဆင်လေ့ရှိပြီး အခု အဲဒီလက်ပတ်ကို မင်းသမီး မီဂန်ကို ပေးလိုက်တယ်လို့ ယူဆရပါတယ်။

play

 

"ဟယ်ရီက လွန်ခဲ့တဲ့နှစ်တွေကထက်ကို ပိုပြီး ပျော်ရွှင်နေတယ်။ သူ့ဘဝကို အရမ်းကို ကျေနပ်နေပြီး မီဂန်က အချိန်ကိုက်ရောက်ရှိလာခဲ့တယ်" လို့ အသက် ၃၂ နှစ်အရွယ် ဟယ်ရီနဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ကနေဒါမှာ တွေ့ဆုံပြီးတဲ့နောက် ဒိတ်လုပ်နေကြတယ်ဆိုတဲ့ သတင်းသာ မှန်တယ်ဆိုရင်တော့ သူတို့တွဲနေတာ ၆ လလောက်တောင် ရှိနေပါပြီ။

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ